33 C
Yangon

စစ်ကောင်စီက အပစ်ရပ် ၁ လ ကြေညာပြီး နောင်ချိုမြို့ကို အဆိပ်ငွေ့ဗုံးများ သုံး၍ လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် ထိုးစစ်ဆင်၊ ကလေးများ အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၉

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ် ၁ လ ကြေညာပြီးနောက် နောင်ချိုမြို့ကို အဆိပ်ငွေ့ဗုံးများ သုံး၍ လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် ထိုးစစ်ဆင်နေပြီး ကလေးများ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း တအာင်းပြည်အတွင်း ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေသည်ဟု TNLA က ပြောသည်။

မေလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်ကောင်စီတပ်က တအာင်းတပ်မတော်TNLA ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက်သို့ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ အမြောက် တပ် ၉၀၂ က မေလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန် ဒရုန်းဖြင့် ဗုံး ၂ လုံး နှင့် လက်နက်ကြီးဖြင့် ၁၆ ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာအနီးတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်တပ်က ဒရုန်းဖြင့် ဗုံး၂ လုံးနှင့် လက်နက်ကြီးဖြင့် ၂ ကြိမ် ယာပြင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ မေလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် နောင်လင်ကျေးရွာအနီးတဝိုက်တွင်လည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က ဒရုန်းဖြင့် ဗုံး ၈ လုံး၊ အဆိပ်ငွေ့ဗုံး ၅ လုံး၊ လက်နက်ကြီးဖြင့် ၃၁ ကြိမ် နောင်လင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

ထိုပြင် စစ်ကောင်စီတပ်က မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန် ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၁ လုံးကို နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာသို့ လာရောက်ကျဲချခဲ့ကြောင်း၊ စစ်တပ်က တောင်လှကျေးရွာသို့လည်း လက်နက်ကြီးဖြင့် ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ နောင်ချိုမြိုနယ် သရက်ချိုကျေးရွာတွင် မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၅ နှစ်အရွယ် ကလေးငယ်အပါဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် TNLA က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article