27.6 C
Yangon

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်တစ်ခုလုံးကို KNLA ၊ PDF ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ တပ်ရင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများစွာ ရှိနေ

Must read

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်တစ်ခုလုံးကို KNLA ၊ PDF ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ် ရင်းဌာနချုပ်တစ်ခုလုံးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည့်အတွက် နယ်မြေရှင်းလင်းရေးအတွက် အချိန်ယူ လုပ်ဆောင်နေရ ကြောင်း၊ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ တပ်ရင်းထဲတွင် ပြန့်ကျဲနေပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကိုလည်း စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“PDF စစ်ဆင်ရေးနယ်မြေ ၁၊ စစ်ဆင်ရေးနယ်မြေ ၂ နဲ့ KNLA တပ်ရင်း ၇ တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ စစ်ခွေး သေဆုံးမှု အရေအတွက်နဲ့ လက်နက်တွေ ရရှိမှုတွေကလည်း အသေးစိတ် စိစစ်နေဆဲဖြစ်ပါတယ်။ ကြေးနန်းစောင့်နေရဆဲဖြစ်ပါတယ်။ အခုသိမ်းပိုက်ရရှိတာက တပ်ရင်းဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်တာပါ။ ခမရ ၅၉၈ တပ်ရင်းတစ်ခုလုံးကို သိမ်းတာပါ။ ကာကွယ်ရေးဝန်ကြီးဌာန MOD က မကြာခင် အသေးစိတ် သတင်းထုတ်ပြန်ဖို့ရှိပါမယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

စစ်ကောင်စီက တပ်ရင်းဌာနချုပ်တစ်ခုလုံး ဆုံးရှုံးသွားသည့်အတွက် လတ်တလော ခမရ ၅၉၈ တပ်ရင်းတည်ရှိရာ ညောင် ခြေထောက်ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article