34 C
Yangon

စဉ့်ကူး၊ စိုက်ကွင်းရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ဒီပဲယင်း၊ အိုးထိမ်းကွင်းရွာ​စာသင် ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဆရာမ ၂ ဦးသေဆုံးပြီး ကလေးအများအပြား ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၂

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာသို့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ တံတားဦးဘက်မှ တက်လာသည့် အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် ပြည်သူများအနေနှင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးခွင်ခရိုင် ပကဖက နှိုးဆော်ထားသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာ​ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ကလေးတွေက မျက်လုံးကျွတ်ထွက်သူထွက်။ တချို့က ခေါင်းကို ထိခိုက်တယ်။ အခု ကားတွေနဲ့ သယ်ထုတ်နေတယ်။ အခြေအနေက ဆိုးပါတယ်” ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article