ဒီကနေ့ မေ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်တွင်းမှာ AA ထောက်ပံ့ရေးအဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင် စီက သတင်းထုတ်ပြန်မှုဟာ လိမ်လည်မှုသာဖြစ်ပြီး စစ်တပ်က သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု တွေကို ဖုံးကွယ်ဖို့နဲ့ နိုင်ငံတကာမှာ AAရဲ့ ဂုဏ်သိက္ခာညိုးနွမ်းစေဖို့ ရည်ရွယ်ချက်ရှိရှိ ဇာတ်လမ်းဆင် ဖန်တီးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်ပြည်ထောင်စုက သွင်းကုန်တွေအပေါ် အခွန်တိုးကောက်လိုက်မှုမှာ မဖြစ်သင့်၊ မကောက် သင့်ဘူးလို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က က ဝေဖန်ပြောဆိုလိုက်ပါတယ်။
- ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှောက်တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၈ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
