29.1 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ငူလေတပ်ကို တော်လှန်ရေးတပ်တွက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ တိုက် လေယာဉ် ၂ စီး၊ Y8 လေယာဉ် ၁ စီး နဲ့ ဂိုဒေါင်တွေ ထိမှန်ပျက်စီးထားတဲ့အကြောင်းကို သိထားရတယ်လို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဆင်း တပ်သားသစ် အယောက် ၈၀၀ ကျော်ကို ရခိုင်ပြည် ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်လိုက်ပြီဖြစ် တယ်လို့ အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၊ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ တစ်ရက်ကို လုပ်အားခ ၁၂၀၀၀ ရရှိဖို့ အလုပ်သမား ၆၀၀၀ ဝန်းကျင်က ဆက်လက် ဆန္ဒပြနေပြီး ၊ စစ်ကောင်စီတပ်နဲ့ရဲကား ၂ စီးကတော့ လက်နက်အပြည့်အစုံနဲ့ စက်ရုံအပြင်မှာ ရောက်လာတယ်လို့ ဆန္ဒပြ အလုပ်သားတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article