26.8 C
Yangon

မြင်းခြံတွင် ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ် ကြောင်း တစ်ခုလုံး ပျက်စီး ထွက်ပြေး၊ စစ်သုံ့ပန်း ၄ ဦးနှင့် ရိက္ခာတင် ကား ၁ စီးပါသိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး ထွက်ပြေးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ‌‌‌မြို့သာ-ဆီမီးခုံသွားကားလမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ် ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ် စစ်ကြောင်းမှာ တပ်ပျက် ထွက်ပြေးသွားရကြောင်း၊ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဦးသေဆုံးကြောင်း၊ ၄ ဦး အရှင်ဖမ်းဆီးရရှိပြီး ရိက္ခာတင်ကား ၁ စီးကိုပါ သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“မြင်းခြံခရိုင်ထဲ ဆီမီးခုံ၊ ငါန်းမြှာကြီး၊ဆုံရွာတွေဘက်ကို လက်နက်ရိက္ခာထောက်ပို့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းလာမယ်လို့သတင်းရလို့ ကြိုတင်ပြင်ဆင်နေရာယူပြီး အပိုင်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ ထိတွေ့အချိန်အတန်ကြာဖြစ်ပြီး စစ်တပ်က ကစဉ့်ကလျားဖြစ်သွားတယ်။ လျှိုထဲဝင်ပုန်းချိန် လက်ဦးမှုယူပြီးပစ်ခတ်နိုင်ခဲ့တယ်။ ကျနော်တို့ ထိတွေ့ဖြစ်နေချိန် မြို့သာနှင့်မင်းနေကုန်းစခန်းကနေ လက်နက်ကြီးပစ်ကူ အဆက်မပြတ် ပေးတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ စစ်တပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ ကျော် သေဆုံးတယ်။အရှင် ၄ ယောက်မိတယ်။အရှင်မိတဲ့ ၄ ဦးထဲမှာ တပ်ကြပ်တစ် ကောင်ပါတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက် ကျား တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောဆိုသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းပျက်သွားပြီးနောက် ရိက္ခာတင် စစ်ကား ၃ စီးမှာလည်း မြို့သာဘက်သို့ မောင်းပြေးသွားကြောင်း၊ မောင်းပြေးသွားသည့် ကား ၃ စီးမှာ လက်နက်ခဲယမ်းကားများဖြစ်ပြီးတော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသော ကားမှာ ရိက္ခာတင်ကားဖြစ်ကြောင်း ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၁ ဦးက ထွက်ဆိုထားသည်။

“စစ်ကားက ၅ စီးက မြို့သာဘက်ကနေ ထွက်လာတယ်။ ကား ၅ စီးရှေ့ မှာ ခပ်လှမ်းလှမ်းကနေ လမ်းဘေးဝဲယာကနေ စစ် ကြောင်း ၂ ကြောင်းက လုံခြုံရေး ကင်းယူထွက်လာတယ်။ အဲဒီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲက မနက် ၇ နာရီ ၁၉ မိနစ်ကနေ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ပစ်ခတ်သံ ရပ်သွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ဂွေးကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ယာဉ်တန်းနှင့်စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article