24.6 C
Yangon

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း ၃ ကြိမ် လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း ၃ ကြိမ် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၃ နာရီ ၉ မိနစ်အချိန်၊ နံနက် ၃ နာရီ ၁၄ မိနစ်အချိန် နှင့် နံနက် ၃ နာရီ ၂၀ မိနစ်အချိန်တို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ကျောက်မဲမြို့ ဟိုတယ်ကောလီ၊ ကျောက်မဲခရိုင်ရဲတန်းလျားနှင့် ရဲစခန်းဝင်းအတွင်းသို့ ဗုံးများကျဲချခဲ့ကြောင်း၊ ပေါင် ၅၀၀ ဗုံး များကို ကျဲခြင်းဖြစ်ပြီး ပြည်သူ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

“ခိုမုန်းကျေးရွာနားက ဟိုတယ်ကောလီကို ဗုံးချတယ်။ ပင်လုံလမ်းပေါ်က ကျောက်မဲမြို့နယ်မြို့မရဲစခန်းနဲ့ ခရိုင်ရဲရုံးကိုလည်း ဗုံးတွေ ကျဲချတယ်။ ပြည်သူ ၁ ဦးသေဆုံးပါတယ်။ သေဆုံးတာက ဟိုတယ်ကောလီမှာ တည်းနေတဲ့ နောင်ချိုက စစ်ဘေးရှောင် ပြည်သူ ၁ ဦးပါ။ ဒဏ်ရာရသူတွေကလည်း နောင်ချိုက စစ်ဘေးရှောင် ပြည်သူ ၅ ဦးပါ”ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီကျော်ဝန်းကျင်အချိန်ကလည်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းရှိ အောက်ဆီဂျင်စက်ရုံအနီးသို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး အခြားပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ဇွန်လ ၂၉ ရက်နေ့ ကလည်း ကျောက်မဲမြို့ ၁ ကွက် ပင်လုံလမ်း ကမ္ဘောဇရှမ်းကျောင်းအနီးသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့နှင့် ဇွန်လ ၂၄ ရက်နေ့တို့တွင်လည်း ကျောက်မဲမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ပြည်သူ ၅ ဦးသေဆုံးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article