26.1 C
Yangon

မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၆ ရက်တာအတွင်း လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် ဗုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၆ ရက်တာအတွင်း လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် ဗုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကညွတ်ကွင်း အခြေစိုက် ခမရ-၄၃၉ မှ စစ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ထီးဘားလော်ကျေးရွာ (ငါးဘတ်အိုင်ကျေးရွာ) ၊ သာယာကုန်းကျေးရွာ ၊ မြပုဂ္ဂိုလ်ချောင်းကမ်း ၊ ထွနီကုန်းကူး နှင့် မိဿလင်ကျေးရွာ တို့ကို ဗုံး ၃၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ဆင်မတောင် ခမရ-၃၅၁ တပ်ရင်းမှ စစ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကရင်မျက်ရဲကျေးရွာနှင့် ဗမာမျက်ရဲကျေးရွာတို့ကိုလည်း ဗုံး ၉ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၆ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် ဆင်မတောင် ခမရ-၃၅၁ တပ်ရင်း၊ ဒုံးတိုကျေးရွာရှိ ခမရ-၅၉၉ တပ်ရင်းနှင့် ကညွတ်ကွင်း ခမရ-၄၃၉ တပ်ရင်းမှ စစ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကရင်/ဗမာမျက်ရဲကျေးရွာ၊ ကညင်ဒိုင်းကူး ၊ ငါးမြစ်ချင်းရွာ၊ ဇဟားကြီးရွာတို့ကို ဗုံး ၁၀ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့တွင် ကညွတ်ကွင်း အခြေစိုက် ခမရ-၄၃၉ တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ငတိုးခင်ကျေးရွာဗမာကို ဗုံး ၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ဦးအောင်ကိုလင်း၊ ဒေါ်နန်းဘိုနှင့် ဦးအောင်သန်းဇော်တို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၈ ရက်နေ့တွင် ရွှေဝါတပ်ရင်း ခမရ-၃၀၇ မှ စစ်သားများက ၁၂၀ မမ လက်နက်ကြီးဖြင့် မအူပင်ကျေးရွာကို ဗုံး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၂၀ အရွယ် ကိုရဲလင်းသူ ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ အသက် ၂၇ နှစ်အရွယ် ကိုဇေယျာမျိုးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၉ ရက်နေ့တွင် သံဘိုစခန်း ခမရ-၃၅၁ တပ်ရင်း၊ ဆင်မတောင် ခမရ-၃၅၁ နှင့် ကညွတ်ကွင်းမှ ခမရ-၄၃၉ တပ်ရင်းမှ စစ်သားများက ဗမာမျက်ရဲကျေးရွာ၊ ကရင်မျက်ရဲကျေးရွာ၊ မရမ်းစိမ်ကြီးကျေးရွာ၊ မရမ်းစိမ်လေးကျေးရွာနှင့် ဝေကော့ပယ်ခို ကျေးရွာများကို ဗုံး ၁၀ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် သံဘိုစခန်း ခမရ-၃၅၁ တပ်ရင်းမှ စစ်သားများက ဒရုန်းဖြင့် ဗမာမျက်ရဲ ကျေးရွာကို ဗုံး ၁ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ နတ်သံကွင်းမှ စစ်သားများကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ထွနီကုန်းကျေးရွာကို ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နော်မူတေး နှင့် စောသားကြီး တို့ ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article