28.5 C
Yangon

ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို တစ်နေ့တည်း ဖမ်းဆီးရရှိ၊ ဖမ်းဆီးရရှိသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် တစ်ရက်တည်း ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်း ဆီးရရှိခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော်လာသူများကို ဖုတ်ဖရမြို့နယ်၊ ဘန်မိုကာကျေးရွာအနီး တောအုပ်တွင် တွေ့ရှိရခြင်းဖြစ်ပြီး အမျိုးသား ၁၉ ဦးနှင့် အမျိုးသား ၁၇ ဦးဖြစ်ကြောင်း၊ အဆိုပါ လူအုပ်စုမှာ သောင်ရင်းမြစ်သို့ တောလမ်းမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်ပင် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၃၂ ဦးကို တာ့ခ်ခရိုင်အတွင်း Wang Cho ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း ၊ ခိုးဝင် ဝင်ရောက်လာသူများမှာ တာ့ခ်ခရိုင် ဝမ်ချောင်မြို့နယ်၊ ဖာဖန်ကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ အမျိုးသား ၂၁ ဦးနှင့် အမျိုး သမီး ၁၁ ဦးပါဝင်ပြီး စုစုပေါင်း ၃၂ ဦးဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် မြန်မာနိုင်ငံသား ၃၂ ဦးကို ပို့ဆောင်ပေးသူများဖြစ်သည့် အသက် ၄၆ နှစ်အရွယ် Mr. Komen Saetaoနှင့် Mr. Cheng Saewan တို့ကိုလည်း ကား ၂ စီးနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၃၂ ဦးမှာ မြဝတီမြို့မှ သောင်ရင်းမြစ်ကိုဖြတ်​ကျော်ကာ သဘာဝတောလမ်းအတိုင်း ခြေလျင်ခရီး​ဖြင့်ဝင်လာခဲ့ကြောင်း ၊ ဘန်ကောက်မြို့တွင် သွားရောက် အလုပ်လုပ်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိတဲ့ လူတွေအားလုံးက အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်း လူငယ် အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခုသိသလောက် ရန်ကုန်၊ မန္တလေး၊ အညာ၊ ကရင်နဲ့ မွန်ဘက်က လူငယ်တွေလို့ သိထားပါတယ်။ သူတို့ကို ထောင်ဝင်စာ တွေ့ဖို့ ကြိုးစားနေပါတယ်။ အမှုရင်ဆိုင်ပြီးလို့ ပြစ်ဒဏ်ကျခံပြီးရင် မြန်မာနိုင်ငံဘက် ကို ပြန်အလွှဲခံရမှာဖြစ်ပါတယ်” ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် နေထိုင်သော ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများကို ကူညီပေးနေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article