30.2 C
Yangon

ကလေးခရိုင်တွင် စစ်မှုထမ်း တပ်သားသစ် ၁၄ ဦး သေနတ် ၇ လက် ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ချီးမြှင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်တွင် စစ်မှုထမ်း တပ်သားသစ် ၁၄ ဦး သေနတ် ၇ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာ၍ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone တပ်ဖွဲ့ (Wing of Kalay) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လနှင့် ဩဂုတ်လ အတွင်း ကလေးခရိုင်တွင် စစ်မှုထမ်း တပ်သားသစ် ၁၄ ဦး လက်နက် ၇ လက် ယူဆောင်လာပြီး ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone တပ်ဖွဲ့ (Wing of Kalay) ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁၄ ဦးသည် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော လူငယ်များဖြစ်ပြီး MA-3 အမျိုးအစားလက်နက်ငယ် (၅) လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ( ၂ ) လက်၊ လက်ပစ်ဗုံးသီး (၉) လုံး၊ ၆၀ မမ လက်နက်ကြီးကျည် (၄) ဖူး၊ အီနာဂါ (၃) လုံး၊ ကျည်ဘောက် (၁၅) ဘောက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့် တို့ ယူဆောင်လာကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသူ ၁၄ ဦးကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးက အရေးပေါ် ဆုတော်ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များနှင့်အတူ အကြမ်းဖက် စစ်တပ်ကို ပြန်လည်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

“ကလေးခရိုင်အတွင်းမှာ ဇူလိုင်လနဲ့ ဩဂုတ်လ အတွင်း စစ်မှုထမ်း တပ်သားသစ် ၁၄ ဦး လက်နက် ၇ လက်နဲ့ ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ပါတယ်။ ကျနော်တို့ တစ်ဦးစီကို ငွေကျပ် သိန်း ၃၀ ချီးမြှင့်ပေးခဲ့တယ်။ လက်ရှိချိန်မှာတော့ အလင်းဝင်လာတဲ့ လူငယ်တွေက အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်နေတာပါတယ်” ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone တပ်ဖွဲ့ (Wing of Kalay) က ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်မှ အလင်းဝင်လိုသော စစ်မှုထမ်းတပ်သားသစ် လူငယ်များကိုလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone တပ်ဖွဲ့ (Wing of Kalay) က ဆက်လက် ဖိတ်ခေါ်ထားပြီး မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ်သည်အထိ အခြားသောတော်လှန်ရေး ညီအကိုများဖြစ်သည့် တပ်ရင်း၊ တပ်ဖွဲ့ များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောင် မှ ဆက်လက် တိုက်ပွဲဝင်သွားဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article