ပဲခူးတိုင်း၊ လက်ပံတန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် စစ် ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် စစ်သား ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်ဘက်မှ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




