ရန်ကုန်၊ အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး – CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယဗန့ အောက်တိုဘာလ ၁၆ ရက် နံနက် ၃ နာရီမှ ၄ နာရီကြားတွင် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်း အတွင်းမှ အကျဉ်းသားများ ကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ CNA ရဲဘော် ၂ ဦး ၊ CDF ရဲဘော် ၃ ဦးအပါအဝင် အကျဉ်းသား ၁၅ ဦး ကိုကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ လက် နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“CDF Hakha ကနေ ဦးဆောင်ပြီး အကျဉ်းသား ကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေး ဖော် ဆောင်မှုပေါ့၊ CNA ရဲဘော် ၂ ဦး၊ CDF ရဲဘော် ၃ ဦးအပါအဝင် ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့တယ်။ အကျဉ်း သားအချက်အလက်တော့ မရသေးပါဘူး။ ခွေး ၆ ကောင် ရှင်းနိုင်ခဲ့တယ်။ ၁၅ ကောင်ဒဏ်ရာရတယ်၊ လက်နက်လည်း ရခဲ့ပါတယ်။ တော်လှန်ရေး ရဲဘော်တစ်ဦးကျတယ်။ အထိအခိုက်မရှိပါဘူး။ အကျဉ်း သားတွေလည်းကိုလည်း လုံခြုံတဲ့နေရာ ရောက်ကြပါပြီ” ဟု ချင်းအမျိုးသားတပ်ဦး – CNA ပြောရေး ဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးကို CDF Hakha က ဦးဆောင်ပြီး CNA တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိနာသော အကြမ်းဖက်စစ်တပ်က မြို့တွင်း လုံခြုံရေးတင်းကျပ်ကာ ဟားခါး မြို့ပြင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ပစ်မှတ် ထားကာ ရည်ရွယ်ချက်ရှိ ရှိ တိုက်ခိုက်တတ်သော ကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ – ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးပုံဖြစ်ပါသည်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
