28 C
Yangon

နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး ကား ၁ စီးကို မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

နေပြည်တော်၊ တပ်ကုန်းမြို့နယ် အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာဘက်မှ အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို နွားလှည်း ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ထွေ/အုပ်စာရေး ကျော်ရဲလွင် အပါအဝင် စစ်သားများလိုက်ပါလာသော ကင်းလှည့်ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ပြည်သူများကို ဖမ်းဆီးငွေညှစ်တောင်းခံနေသော ထွေ/အုပ် စာရေး ကျော်ရဲလွင်နှင့် စစ်သားများ လိုက်ပါလာသော ကင်းလှည့်ကားကို စစ်ကိုင်း-မုံရွာ လမ်းရှိ စစ်ကိုင်း တက္ကသိုလ်အနီးတွင် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ထွေအုပ်စာရေး ကျော်ရဲလွင် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားနေစဉ် စစ်ကိုင်းတက္ကသိုလ်နှင့် တပ်မ ၃၃ မှ စစ်သားများက အိမ်စီးကား ၁၂ စီးဖြင့် စစ်ကူပေးရန် ရောက်ရှိလာသောကြောင့် လှည့်ကင်းကားကို မီးရှို့ရှင်းလင်းပြီး တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“လှည့်ကင်းကားပေါ်ပါလာတဲ့ကောင် အားလုံးသေတယ်။ ကားပါ မီးရှို့ဖျက်ဆီးပစ်ခဲ့တာ စစ်ခွေး ၇ ဦး က နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူကို ဆန့်ကျင်တဲ့သူအားလုံးကို ကျနော်တို့က အချိန်မရွေး တိုက်ခိုက်သွားမှာပါ။ သူတို့ပြောခဲ့တဲ့စကားလိုပဲ သေရဲတဲ့ကောင် ပြည်သူကို ဆန့်ကျင်လိုက်လို့ ကျနော်တို့က ပြန်ပြီး ပြောချင်ပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – KNLA ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KNLA ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article