စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အားကောင်းသော စစ်ကိုင်းတိုင်း၏ ကြားကာလ အစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက် လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။
ယနေ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်လောင်း၏ အမည်စာရင်းအား လွှတ်တော်သို့ တင်သွင်းအတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်သည်။
ယနေ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အကြီးအကဲကိုပါ အတည်ပြု တာဝန်ပေးအပ်ခဲ့ကြောင်း၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ အဖြစ် ဦးမြင့်ထွေးကို ရွေးကောက်တင် မြှောက် လိုက်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





