ရန်ကုန်၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကြံ့ဖွတ်ပါတီမဲဆွယ် စည်းရုံးအတွက် ချက်ပြုတ်ပြင်ဆင်ရန် ဈေးထွက်ဝယ်သည့် ပါတီရပ်ကျေး ဥက္ကဋ္ဌ ညွန့်ဦး ဓားဖြင့် ထိုးခံရပြီးသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ သနပ်ခါးတောကျေးရွာအုပ်စုအတွင်း ကြံ့ဖွတ်ပါတီမဲဆွယ် စည်းရုံးအတွက် ချက်ပြုတ်ပြင်ဆင်ရန် ဈေးထွက်ဝယ်သည့် ပါတီရပ်ကျေး ဥက္ကဋ္ဌ ညွန့်ဦးကို အမည်မသိ လူတစုက ကျွတ်ကန်ရွာ ကန်ဘောင်တွင် ဝင်ရောက် တိုက်ခိုက်ရာ ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ကြံ့ဖွတ်ပါတီ ရပ်ကျေး ဥက္ကဋ္ဌ ညွန့်ဦးသည် သနပ်ခါးတောကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် တစ်အိမ်လျှင် ငွေကျပ် သောင်းချီ ကောက်ခံပြီး ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသော ပြည်သူများ၏ စာရင်းကိုလည်း စစ်တပ်ထံokdY ပို့ဆောင်ကာ ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသူဖြစ်ကြောင်း သိရှိရသည်။
“အဲကောင်က စစ်မှုထမ်း အကြောင်းပြပြီး ကျေးရွာအုပ်စုထဲမှာ လစဉ် ပုံမှန် သောင်းချီကောက်ခံတယ်။ စစ်ခွေးတွေက စစ်မှုထမ်းအတွက် လူလာတောင်းရင်လည်း သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ပြည်သူတွေရဲ့ စာရင်းကို ပို့ပြီး နေအိမ်ထဲထိ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းတာတွေလည်းလုပ်တယ်။ ငွေညှစ်ပြီး ပြန်လွှတ်ပေးတယ်။ ငွေကြေးမပြေးနိုင်ရင် စစ်မှုသင်တန်းကျောင်းကို တမ်းပြီးပို့တာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးဘဲ ညွန့်ဦး စီးနင်းလာသော ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကိုလည်း တိုက်ခိုက်သော သူများက သိမ်းဆည်းသွားကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့တွင်လည်း ကြံ့ဖွတ်ပါတီမြို့နယ်ဥက္ကဋ္ဌ နေအိမ်နှင့် အုပ်ချုပ်ရေမှူးရုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပုလောမြို့ အမှတ် ၃ ရပ်ကွက် ကမ်နားလမ်းရှိ ကြံ့ဖွတ်ပါတီမြို့နယ်ဥက္ကဋ္ဌ ဇာနည်အောင် နေအိမ်နှင့် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး အဖွဲ့က တစ်ခုက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်အဖွဲ့က ဝင်လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ ကြံ့ဖွတ်ပါတီမြို့နယ်ဥက္ကဋ္ဌ ဇာနည်အောင် နေအိမ်နဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကတော့ ပြာကျသွားတာဟုတ်ပါတယ်။ ဖြစ်စဉ် အပြည့်အစုံတော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ဝင်ရောက် ရှင်းလင်းမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်သွားသည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








