26 C
Yangon

အမရပူရမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲလာပေးရေး ပြည်သူများကို ဖိအားပေးနေသော ရာအိမ်မှူး ယုကြိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲလာပေးရေး ပြည်သူများကို ဖိအား ပေးနေသော ရာအိမ်မှူး ယုကြိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အမရပူရမြို့နယ် ပ.လ.ဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်အချိန် အမရပူရမြို့နယ်၊ ဥယျာဉ်တော်အုပ်စု၊ သာယာအေးကျေးရွာနေ ရာအိမ်မှူး ယုကြိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ရွာလယ်လမ်းကြီးပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ရာအိမ်မှူး ယုကြိုင်မှာ စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရေး အမျိုးမျိုးဖိအားပေးနေသည့်အပြင် လူငယ်များကိုလည်း စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသူဖြစ်ကြောင်း သိရှိရသည်။

“ယုကြိုင်ကို သာယာအေးကျေးရွာ ရွာလယ်လမ်းကြီးပေါ်မှာ ရှင်းလင်းခဲ့တာပါ။ ရာအိမ်မှူး ယုကြိုင်ကို ရှင်းလင်းတုန်းက လက် နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ သေနတ် တစ်ချက်ပဲ ပစ်ခဲ့တာပါ။ ဆေးရုံသွား လမ်းမှာသေဆုံးတာပါ။ သူက ပြန်လည်ခုခံချိန်တောင် မရလိုက်ပါဘူး”ဟု အမရပူရမြို့နယ် ပ.လ.ဖ တာဝန်ခံကပြောဆိုသည်။

အဆိုပါပစ်ခတ် ရှင်းလင်းမှုကို မန္တလေးတိုင်း အမရပူရမြို့နယ် ပ.လ.ဖ နှင့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် SPECIAL. TASK.FORCE (NGAZUN) S.T.F တပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ကြောင်း၊ စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေသူ မည်သူကိုမဆိုထိရောက်စွာ အ ပြစ်ပေးအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ကြောင်း အမရပူရမြို့နယ် ပ.လ.ဖ တာဝန်ခံက သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article