27 C
Yangon

အောင်လံ၊ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာတစ်ရွာလျှင် စစ်မှု ထမ်းကြေး သိန်း ၁၀၀ တောင်းခံပြီး မသန်စွမ်း ကိုသီဟနိုင်ကို ဖမ်းဆီး စစ်တပ်ထဲသွင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မကွေးတိုင်းအောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းကြေး သိန်း ၁၀၀ တောင်းခံပြီး မသန်စွမ်း ကိုသီဟနိုင်ကို ဖမ်းဆီးစစ်ထဲထည့်လိုက်ကြောင်း ဒေသပြည်သူများနှင့် မသန်စွမ်း ကိုသီဟနိုင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောင်လံမြို့နယ်၊ ကွမ်းလောင်းကုန်းကျေးရွာ၊ ကွမ်းလောင်းရေကျေးရွာနှင့် ပျဉ်းပင်လှ ကျေးရွာ ၃ ခု၏ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာများတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ မလုပ်ဆောင်လိုပါက တစ်လလျှင် ငွေကျပ် သိန်း ၁၀၀ စစ်မှုထမ်းကြေးကောက်ခံလျက်ရှိကြောင်း၊ ထိုသို့ ကောက်ခံနေသည့်ကြားမှ ပျဉ်းပင်လှကျေးရွာမှ မသန်စွမ်း ကိုသီဟနိုင်ကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“အုပ်ကြီး သန်းလွင်နဲ့ ရာအိမ်မှုးဇော်ဝမ်းက ရဲတွေနဲပပေါင်းပြီး ကွမ်းလောင်းကုန်းကျေးရွာ ကွမ်းလောင်းရေကျေးရွာ၊ ပျဥ်းပင်လှကျေးရွာဆီကနေ တစ်လ လျှင်သိန်း၁၀၀ စစ်မှုထမ်းကြေးတောင်းပါတယ်။ အဲဒီလို တောင်းတာက ရွာထဲကို စစ်တပ်က လူငယ်တွေကို လာပြီး ပေါ်တာဆွဲ ဖမ်းဆီးတာမလုပ်ဖို့ အထက်ကို ပေးရတယ်ဆိုပြီး တောင်းတာပါ။ အဲဒါ ရွာတွေက တစ်လ သိန်း ၁၀၀ နဲ့ပေးနေရတာ ၄ လောက်ရှိနေပါပြီ။ အဲဒီမှာ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ စစ်တပ်က မသန်စွမ်း ကိုသီဟနိုင်(ခြေထောက်မသန်သူ)ကို စစ်တပ်က ဝင်ပြီး ပေါ်တာဆွဲ ဖမ်းဆီးပါတယ်။ အဲဒီတော့မှ အုပ်ကြီး သန်းလွင်တို့က စစ်မှုထမ်းကြေးတွေ ကောက်ပြီး စစ်တပ်ကို မပေးဘဲ ကိုယ်ကျိုးသုံးထားတာပေါ်ပေါက်လာတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြသည်။

စစ်မှုထမ်းကြေးအဖြစ် ကျေးရွာများက တစ်လလျှင် ငွေကျပ် သိန်း ၁၀၀ ပေးနေသည့်ကြားမှ မသန်စွမ်း ကိုသီဟနိုင်ကို ပေါ်တာဆွဲသွားသည့်အတွက် ရွာသူရွာသားများက မကျေမနပ်ဖြစ်ကာ ပြန်လည် ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“ကွမ်းလောင်းကုန်းရယ် ကွမ်းလောင်းရေ ရယ် ပျဥ်းပင်လှ ရယ် ၃ရွာကတစ်လကိုယ် သိန်းတစ်ရာကောက်တာ။ ကွမ်းလောင်းကုန်းရွာက သိန်း၄၀ ကွမ်းလောင်းရေ ရွာက သိန်း၃၀ ပျဥ်းပင်လှ က သိန်း၄၀ ဆိုပြီးကောက်တာ။ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးတာတွေ မရှိအောင်ဆိုပြီး ပေးကြတာ။ စစ်တပ်က မသန်စွမ်း ကိုသီဟနိုင်ကို ပေါ်တာဆွဲ ဖမ်းဆီးတော့ ပြန်ထုတ်ပေးဖို့ ရွာသူရွာသားတွေက တောင်းဆိုတော့ ပေါ်တာဆွဲ ဖမ်းဆီးတာ သူ စစ်မှု ထမ်းကြေးပေးထားတဲ့ သူမဟုတ်ဘူးဆိုပြီး ငြင်းတာ”ဟု ကျေးရွာ ရပ်မိရပ်ဖက ရှင်းပြသည်။

ပျဉ်းပင်လှကျေးရွာမှ ပြည်သူများက မသန်စွမ်းကိုသီဟနိုင်ကို စစ်တပ်ထဲမှ ပြန်လည် ထုတ်ယူနိုင်ရေး ကြိုးပမ်းကြပြီး သက်ဆိုင်ရာ တပ်နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ပြောဆိုသောအခါ အုပ်ချုပ်ရေးမှူး သန်းလွင်က စစ်တပ်ထံသို့ မည်သည့်ငွေကြေးမှ ပေးခြင်းမရှိဘဲ စစ်မှုထမ်းကြေး ကောက်ယူရရှိသည့် ငွေကျပ် သိန်း ၅၀၀ ထက်မနည်းကို လိမ်လည်ထားမှု ပေါ်ပေါက်ကြောင်း သိရှိရသည်။

စစ်မှုထမ်းကြေးများကို လိမ်လည်ထားသော အုပ်ချုပ်ရေးမှူး သန်းလွင်က ပစ္စတိုလက်နက်ကို ကိုင်ဆောင်ထားသည့်အပြင် ကိုယ် ရံတော်ပျူစောထီးများဖြင့်ပါ သွားလာပြီး မည်သူကိုမှ ဂရုမစိုက်ဟု ပြောဆိုကာ စစ်မှုထမ်းကြေးများ ဆက်လက်ကောက်ခံနေကြောင်း သိရှိရသည်။

လက်ရှိ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော မသန်စွမ်း ကိုသီဟနိုင်မှာလည်း ပြန်လည် လွတ်မြောက်လာခြင်းမရှိဘဲ စစ်တပ်ထဲသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ခြေထောက်မသန်စွမ်းသူဖြစ်သော်လည်း စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်ထဲသွပ်သွင်းခံထားရသော ကိုသီဟနိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ခြေထောက်မသန်စွမ်းသူဖြစ်သော်လည်း စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်ထဲသွပ်သွင်းခံထားရသော ကိုသီဟနိုင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article