27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်သုံ့ပန်း ၂၀ နီးပါး ဖမ်းဆီးရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အခု ဇန်နဝါရီလအတွင်း ဗန်းမော်မြို့မှာ စစ်တပ်နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ တကျော့ပြန် ပြန်လည်ပြင်းထန်နေလာတာဖြစ်ပါတယ်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်မှာ အကြမ်းဖက်စစ်သား ၂ ဦး စကားများ ရန်ဖြစ်ရာကနေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်လို့ ၂ ဦးလုံး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကားကာ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီးဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG အစိုးရ လူသားစာနာဌာနထုတ်ပြန်ချက်နဲ့ ဒေသပြည်သူတွေ ပြောဆိုချက်အရ သိရပါတယ်။
  • ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အချက် ၂၀ ပါတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ “ဒုတိယအဆင့်” ကို စတင်လိုက်ပြီလို့ အမေရိကန်က ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဒီကြေညာချက် ထွက်ပေါ်လာပြီးမကြာခင်မှာပဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာအလယ်ပိုင်းမှာ လူ ၈ ဦး ထပ်မံသေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် မနကခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article