ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ချင်းညီနောင်ရဲ့ မိတ်ဖက် ချင်းပြည်သူ့တပ်မတော် -CPA က NUG – PDF တပ်တွေအပါအဝင် မဟာမိတ်တပ်ပေါင်းစု SRA နဲ့ပါ ပူးပေါင်းပြီးတော့ စစ်ကိုင်းနဲ့မကွေးတိုင်းအထိ ဆင်းပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ CPA တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
- မကွေးတိုင်းအောင်လံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာတစ်ရွာကို စစ်မှုထမ်းကြေး သိန်း ၁၀၀ တောင်းခံပြီး ခြေထောက်မသန်တဲ့ မသန်စွမ်း ကိုသီဟနိုင်ကိုပါ ဖမ်းဆီးပြီးတော့ စစ်တပ်ထဲပို့လိုက်ပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မုံရွာ-မန္တလေး လမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်တပ်ဘက်က တပ်သားတွေနဲ့ မဲလက်မှတ်တွေ သယ်လာတဲ့ ကားကိုပါ တော်လှန်ရေးတပ်တွေက ကကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၂ ဦးကတော့ အသီးသီး သေကုန်ကြပြန်ပြီလို့ မုံရွာခရိုင် PDF တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်း ကျွှန်းကို သိမ်းပိုက်မယ့် အစီစဉ်ကို ဟန့်တားဖို့ဆိုပြီး ဥရောပနိုင်ငံတွေ စစ်ရေးပြင်ဆင်နေတဲ့အပြင် ဒိန်းမတ်နဲ့ နေတိုးမဟာမိတ်တွေပါ တပ်ဖြန့်ထားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




