မန္တလေးတိုင်း၊ မိုးကုတ်မြို့မစိုးရိမ်ကျောင်းနှင့် မောနေယကျောင်းတိုက်တွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ်တော်လှန်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့် မော နေယကျောင်းတိုက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျယ်လောင်စွာပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခံရပြီး စစ်တပ်က လေယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်ပတ်ပျံဝဲကာ ကင်းထောက်ခဲ့ကြောင်း သိရသည်။
“အခုပစ်တဲ့နေရာတွေက ဘုန်းကြီးကျောင်းတွေပဲရှိတာ၊ အဲဒီဘုန်းကြီးကျောင်းတွေမှာက ဘုန်းကြီး တွေလည်းမရှိတော့ဘူး။ ပြည်သူတွေလည်းမနေဘူး၊ စခတွေပဲ တပ်စွဲထားတာ။ မစိုးရိမ်ကျောင်းနဲ့ မောနေယကျောင်းကလည်း နီးတယ်။ ရှော့တိုက်ဒုံးပစ်ခံရပြီးတော့ ကင်း ထောက်လေယာဉ် မြို့ပေါ် ကို ပျံဝဲနေတယ်။ အသံကတော့ အတော်ကျယ်တယ်။ ဘယ်ကတက်လာလဲတော့ မသိဘူး။” ဟု မိုးကုတ်တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေချိန် ဇန်နဝါရီလ ၁၁ ရက်နေ့ မိုးကုတ်မြို့နှင့် ၄ မိုင်ခန့်ဝေးသည့် ချောင်းကြီးကျေးရွာ၊ လီဆူကုန်းစံကျေးရွာဘက်သို့ စစ်ကြောင်းထိုးသည့် စစ်တပ်က ချောင်းကြီးကျေးရွာနေ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ပြည်သူ များမှာ မိုးကုတ်မြို့ ပေါ်ရှိ ရှမ်းကျောင်း၌ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၁ ရက်လောက်က ချောင်းကြီး၊ လီဆူကုန်းစံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခတွေက ရွာအဝင်မှာတွေ့တဲ့ ရွာသား ၃ ယောက်ကို ပစ်သတ်သတ်သွားတယ်။ နာမည်တွေ၊ အ သက်တွေတော့ မသိဘူး။ ချောင်းကြီးနဲ့ အနီး အနားက ရွာသူ၊ ရွာသားတွေ မိုးကုတ်မြို့ပေါ်ကို စစ် ရှောင်လာကြရလို့ အကူအညီတွေလိုအပ်နေပါတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မိုးကုတ်မြို့အရှေ့ပိုင်း၌ ဆေးရုံ၊ ဗမွန်တရုတ် သင်္ချိုင်းအနီး၊ မင်းတံတား၊ ဘိုးဘွားရိပ်သာအဆောင် ဟောင်း၊ အထက်ရဲစခန်း၊ ပန်းမထိပ်၊ ရှုခင်းသာအထွက်၊ ၅ မိုင်ဂိတ်၊ ညောင် သုံးပင်၊ အောင်စိုးဦးကွင်း နှင့် ရပ်တော်မူဘုရားတို့တွင်လည်းကောင်း၊ အလားတူ မိုးကုတ်မြို့ရဲ စခန်း၊ ဗျူဟာ ကုန်းနှင့်ဆေးရုံ ဝန်းတို့တွင် လည်းကောင်း သဲအိတ်များ၊ ဘန် ကာများ တည်ဆောက်ကာ အကြမ်းဖက်စစ်တပ်က အခိုင်အမာတပ်စွဲထားကြောင်း သိရသည်။
“အခုမိုးကုတ်မြို့မှာက အခွန်အခတွေကို ရုံးတွေနဲ့မလည်ပတ်နိုင်ဘူး၊ အဒါကြောင့် ပတ္တမြား တူးတဲ့သူ တွေဆီက တစ်တွင်းကို တစ်ည ၁၀ သိန်း၊ တစ်ယောက်တည်း တူးတွဲတွင်းဆိုရင် တစ်ည တစ်သိန်း ကောက်ပြီး နေနေကြတာ၊ အဲဒီကနေ စစ်တပ်က တော်တော်လေးဝင် ငွေရနေတယ်။ သူတို့အတွက် ဝင်ငွေ လမ်း ကြောင်းဖြစ်နေတာ။ တွင်းတွေလုပ် ကွက်ပေး။ အတင်းအဓမ္မငွေကောက်နဲ့ အလုပ်ဖြစ်နေတယ်” ဟု မိုးကုတ်တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




