29 C
Yangon

မိုးကုတ်နှင့် ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသောနေရာများ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်ဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မိုးကုတ်မြို့ပေါ်ရှိ Hill Hotel အနီးရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ထွေ/အုပ်ရုံး၊ တရားရုံးနှင့် မြေစာရင်းရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မိုးကုတ်မြို့ပေါ်မှာရှိတဲ့ Hill Hotel နားက စစ်ခွေးတွေရှိတဲ့ ထွေ/အုပ်ရုံး၊ တရားရုံးနဲ့ မြေစာရင်းရုံးအနီးကို ဒီနေ့ ရှော့တိုက်ဒုံး ၃ လုံးကျတာ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇောင်းလျှားခုံ ကျေးရွာအနီးတွင် လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဧရာ၀တီအမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၃ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဇောင်းလျှားခုံ ကျေးရွာတွင်အနီး လမ်းပိုင်း စစ်ဆေးရေးပြုလုပ်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဧရာဝတီအမှတ် ( ၃ )တပ်ရင်း( ဟင်္သာတခရိုင်အမှတ် ၂ တပ်ရင်း) နှင့် ဗျူဟာ ၂၃ ၊ ၂၄ စနိုက်ပါ ရဲဘော်များက ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် မပါဝင်ကြပါရန်နှင့် အာကြမ်းဖက် စစ်တပ်နှင့် နီးနီးကပ်ကပ် နေထိုင်ခြင်း မပြုလုပ်ကြရန် ဧရာ၀တီအမှတ် ၃ တပ်ရင်းက အသိးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article