31.3 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ပြော

Must read

ရန်ကုန်၊ မေ ၈

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးပြီး ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြုကာ ခေါင်းဆောင်တာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ Ferdinand Romualdez Marcos Jr. က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ မေလ ၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲပိုင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုထားသည့်အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းစဉ် ဖိလစ်ပိုင်သမ္မတက ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စမှာ ညှိနှိုင်းဆွေးနွေးမှုများတွင် အဓိ က အရေးကြီးသော အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဒါဟာ မြန်မာအာဏာပိုင်တွေနဲ့ ကျနော် လုပ်ဆောင်နေတဲ့ (ညှိနှိုင်းမှုလို့ ခေါ်ချင်ရင်လည်း ရနိုင်တဲ့) ဆွေးနွေးမှုတွေရဲ့ အဓိက အကျဆုံး ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို ပြန်လွှတ်ပေးဖို့၊ သူမရဲ့ အခွင့် အရေးတွေကို ကျင့်သုံးခွင့်ပေးဖို့နဲ့ သူမကို ခေါင်းဆောင်တစ်ဦးအဖြစ် အသိ အမှတ်ပြုထားတယ်ဆိုရင် ခေါင်းဆောင်တစ်ဦးအနေနဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ခွင့်ရှိရမယ် ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီရပ်တည်ချက်ကတော့ ဘယ်တုန်းကမှ အပြောင်းအလဲမရှိခဲ့သလို အခုလည်း အနည်းငယ်မျှတောင် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။” ဟု ဖိလစ်ပိုင်သမ္မတက ပြောဆိုသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက် ထားမှု အခြေအနေများ ဆိုးရွားနေကြောင်း၊ မြန်မာနိုင်ငံက သဘောတူညီထားသော အာဆီယံဘုံသ ဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်ပြီး ယင်းသို့ ပျက်ကွက်မှုအတွက် အဖွဲ့ဝင် အာဆီယံနိုင်ငံများအကြား မြန်မာနိုင်ငံအပေါ် စိတ်ပျက်မှုများရှိနေကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာ့အရေး တိုး တက်မှုများ ရရှိရေး နည်းလမ်းရှာမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများက တင်ပြသည့် နည်းလမ်းများကို စဉ်းစားကာ ချည်းကပ်ပုံများ ဆွေးနွေးပြီး နည်းလမ်းရှာမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးမှာ တိုးတက်မှု အနည်း ငယ်သာရှိပြီး အာဆီယံနိုင်ငံများက စစ်မှန်သော ပြောင်းလဲမှုများ မြင်တွေ့လိုကြကြောင်း ၎င်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article