27 C
Yangon

အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတတို့ တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးသို့ မင်းအောင် လှိုင် တက်ရောက်ခွင့်ရဖွယ်မရှိဟုဆို

Must read

ရန်ကုန်၊ မေ ၃၁

အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ရောက်ခွင့်ပြုဖွယ်မရှိကြောင်း ဖိလစ်ပိုင်ထိပ်တန်းသံတမန်တစ်ဦးနှင့် အစိုးရအရာရှိများ၏ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းအရ သိရှိရသည်။

လာည့် ဇွန်လ ရုရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ-ရုရှား အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ တက်ရောက်ခွင့်ပေးဖွယ်မရှိကြောင်း ဖိလစ်ပိုင်ထိပ်တန်းသံတမန်တစ်ဦးနှင့် အစိုးရအရာရှိများက ပြောဆိုကြသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ သီရိဆာ လာဇာရို (Theresa Lazaro) က ၎င်းနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် (Sergey Lavrov) တို့သည် ရုရှားနိုင်ငံ ကာဇန် (Kazan) မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိစ္စနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရုရှားသံရုံး၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ အစည်း အဝေးမတိုင်မီ နှစ်နိုင်ငံဝန်ကြီးများက အာဆီယံနှင့် ရုရှားအကြား “ဗျူဟာမြောက် မိတ်ဖက်ပြုမှု တိုးမြှင့်ရေး အလားအလာများ” ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)က သမ္မတ ပူတင်နှင့် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက အေပီ (AP) သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

သို့သော်လည်း ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ရှုတ်ချပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် စင်ကာပူနိုင်ငံ၏ ခေါင်းဆောင် တက်ရောက်မည်လားဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ် ကြောင်း၊ မြန်မာစစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကိုမူ အာဆီယံ ထိပ်သီးအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံ-ရုရှား ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးနိုင်ငံ (Coordinator) အဖြစ် တာဝန်ယူထားသော်လည်း မြန်မာစစ်ခေါင်းဆောင်ကိုမူ ယခုအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုဖွယ်မရှိကြောင်း သိရသည်။

အာဆီယံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားသည့် အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်များ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သော်လည်း မြန်မာစစ်တပ်က အကြမ်းဖက်မှုများကို အဆုံးသတ်ရန် သော်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်ရန်သော်လည်းကောင်း ပျက်ကွက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article