ရန်ကုန်၊ ဇန်နဝါရီ ၂၈
ချင်းပြည်နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် စနစ်ကို အတူလက်တွဲ တိုက်ထုတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ရန်အတွက် ညီနောင် မဟာမိတ် တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ညီနောင် ၄ဖွဲ့မှာ People’s Defense Force – Zomi (Zomi PDF)၊ People’s Defense Army (PDA)၊ Civic Defense Militia (CDM)နှင့် Zogam Armyတို့ဖြစ်ကြောင်း သိရသည်။