27 C
Yangon

ရန်ကုန်မြို့တွင် တော်လှန်ရေး လူငယ်များက စစ်အာဏာရှင် ဖြုတ်ချရေး လူထုသပိတ် ချီတက် ၊ “ရဲနှင့်စစ်သား ဘာလုပ်နေလဲ အာဏာရူးကို ကာကွယ်နေတယ်” ဟု ကြွေးကြော်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

အကြမ်းဖက်စစ် ကောင်စီက လုံခြုံ ရေးတင်းကျပ်နသည့်ကြားမှ ရန်ကုန်မြို့တွင်းတစ် နေရာတွင် “တပ်တွင်းပုန်ကန် တော်လှန်ကြ ပြည်သူ့ရင်ခွင်ခိုလှုကြ” ဟူ ကြွေးကြော်သံဖြင့် တော်လှန်ရေးလူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်တစ်ရပ်ကို ယနေ့ ဆင်နွှဲကြသည်။

အဆိုပါ သပိတ်တွင် “ရဲနဲ့စစ်သားဆိုတာ နိုင်ငံတော်နဲ့ ပြည်သူကို လုံခြုံစွာကာကွယ်ဖို တည်ထောင်ထားတဲ့ ပြည်သူ့တပ်မတော်ဖြစ်ရမှာဖြစ်ပါတယ် လက်တစ်ဆုပ်စာသာရှိတဲ့ အာဏာရူး ဘီလူးတွေကို ကာကွယ်ပေးဖို တည်ထောင်ထားတဲ့ ဖက်ဆစ်တပ်မတော် မဟုတ်ဘူး” ဆိုသည့် လှုံ့ ဆော်ချက်ကို ထုတ် ဖော် ပြောဆိုကြသည်။

ထို နောက် “ဘာတွေလဲဟေ့ ရန်ကုန်သားတွေ” “ရဲ နဲ့ စစ်သား ဘာလုပ်နေလဲ အာဏာရူးကို ကာကွယ်နေတယ်” ကြွေးကြော်သံများကို အားမာန်အပြည့်ဖြင့် ဟစ် ကြွေးခဲ့ကြပြီး “အ ရေး တော်ပုံ အောင်ရမည်” ဟူ သော ပြည်သူ့ပါဝင်မှုအသံဖြင့် လူစုခွဲကြသည်။

ယ နေ့သပိတ်ကို Owl Communityက ဦး ဆောင်ခဲ့ပြီး မိတ်ဖက်အဖွဲအစည်းများဖြစ်သည့် ဗမာ့လူငယ်ကွန် ရက် ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အ ခြေခံပညာ ကျောင်းသားလူငယ်များအစည်း အရုံး (အကလ-ဗဟို) ၊ပညာနန်း တော် ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ တို့က ပူး ပေါင်း ကာ YSD နှင့် Thingangyun Scout တို၏ အကူအညီဖြင့် ချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။

Photo-AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article