ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးတင်ရှို့နကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။”ကျွန်တော်တို့ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ စစ်တပ်က ရွာထဲကို ဝင်ပြီးတော့ မီးတင်ရှို့နေပြီ ကျေးရွာသားတွေက အကုန်လုံးနီးပါးပြေးရတော့ တကွဲတပြားဖြစ်နေတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူ ရှိမရှိဆိုတာလဲ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။