31 C
Yangon

‘မမများနဲ့ ပွဲကမယ်’ တတိယမြောက် စီမံကိန်းမှ မျှော်မှန်းအလှူငွေထက် ကျော်လွန်ရရှိပြီး ချင်းပြည်နယ်ရှိ CJDC နှင့် မကွေးရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

‘မမများနဲ့ ပွဲကမယ်’ ၏ တတိယမြောက် စီမံကိန်းမှ သတ်မှတ်ရက်ပြည့်ချိန်တွင် မျှော်မှန်းအလှူငွေရရှိမှုထက် ကျော်လွန်သွားခဲ့ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးအဖွဲ့များထံ ထောက်ပံ့ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချင်းနှင့် မကွေး စီမံကိန်းအတွက် ‘မမများနဲ့ ပွဲကမယ်’ အဖွဲ့က ကျပ်သိန်း ၁၅,၀၀၀ မျှော်မှန်းထားခဲ့ပြီး သတ်မှတ်ရက် ပြည့်ချိန်တွင် ကျပ်သိန်းပေါင်း ၁၅,၄၃၀ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အဖွဲ့အနေဖြင့် ချင်းဒေသကာကွယ်ရေး ပူးတွဲကော်မတီ CJDC နှင့် မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးအဖွဲ့ ၂၀ ခန့်ကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ချင်းကိုတော့ CJDC ကနေတဆင့် ချိတ်ဆက်သွားမှာပါ။ အခုတခေါက်က မကွေးမှာက အဖွဲ့ ၂၀ လောက်ကိုပဲ ပေးနိုင်မယ်၊ ကာကွယ်ရေးနဲ့ စစ်ဒေသမှူးတွေကနေတဆင့် အဖွဲ့တွေကို ရွေးသွားမှာပါ” ဟု ‘မမများနဲ့ ပွဲကမယ်’ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

‘မမများနဲ့ ပွဲကမယ်’ အဖွဲ့သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများထံမှ ရန်ပုံငွေများ ရှာဖွေပြီး ကာကွယ်ရေးတပ်ဖွဲ့များထံ ပြန်လည်ပံ့ပိုးနေခြင်းဖြစ်ကာ ပထမနှင့် ဒုတိယစီမံကိန်းအဖြစ် ကရင်နီနှင့် စစ်ကိုင်းကို ပံ့ပိုးခဲ့ပြီး ဖြစ်သည်။

“စတုတ္ထ စီမံကိန်းကိုလည်း ပလန်ထားပြီးပါပြီ။ ဒါပေမယ့် ပရောဂျက် စခါနီးမှ နေရာကို ကြေညာပေးပါရစေ” ဟု အဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ဆက်ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article