ရန်ကုန်၊ အောက်တိုဘာ ၂၈
မန္တလေးတွင် ❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞ကြွေးကြော်သံဖြင့် မန္တလေးသပိတ်အင်အားစုက ယနေ့ညနေပိုင်း ချီတက် ဆန္ဒပြကြသည်။
အကြမ်းဖက် ဖက်စစ်စစ်တပ်၏ လူမဆန်စွာလေကြောင်းမှ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားရသော သွေးချင်းညီအစ်ကို ကချင်တိုင်းရင်းသားပြည်သူများအတွက် တစ်တိုင်းပြည်လုံးပူဆွေးဝမ်းနည်းသောကရောက်ခဲ့ကြရကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး သွေးစည်းညီညွတ်ကြောင်းပြသရန်အတွက် ယနေ့ည(၈)နာရီမိနစ် (၃၀)အချိန်မှ (၈)နာရီမိနစ်(၄၀)အထိ (၁၀)မိနစ်တာ “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု”တွင် အင် တိုက်အားတိုက်ပူးပေါင်းပါဝင်ကြရန် မန္တလေးသပိတ်အင်အားစုက ချီတက်ဆန္ဒပြကြသည်။
ဆန္ဒပြပွဲကို အောင်မြေသာစံအကသ(ဗကသများအဖွဲ့ချုပ်)၊ မန္တလေးခရိုင်ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ညသပိတ်စစ်ကြောင်းချီတက်ခဲ့ကြပြီး “ ကချင်ကိုထိတာ ၊ ငါတို့ကိုငြိတာဘဲ”၊ “မြန်မာပြည်ဘယ်အစိတ်အပိုင်းထိထိ ငါတို့နဲ့ငြိတာပဲ”၊ “တောင်တန်းပြည်မ ၊ ညီညွတ်ကြ”၊ “လက်သည်းဆိတ်ရင် ၊ လက်ထိပ်နာတယ်”၊ “အရေးကြီးရင် ၊ သွေးနီးတယ်ဟေ့” ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ကြသည်။