မုံရွာတွင် ”ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ် ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၃
မုံရွာမြို့ မုံရွာမုဒ်ဦးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ God Of Monywa (GPDF) အဖွဲ့နှင့် တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ”ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စာသားကိုကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်လုပ်ဆောင်ခဲ့ကြသည်။
“စစ်ကောင်စီက တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ပြင်ဆင်နေတာ တွေ့ရပါတယ်။ မြို့နယ် တော်တော်များများမှာ စစ်ကြောင်းတွေ ထိုးနေသလို ရွာစဉ်လိုက် မီးရှို့နေပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေသလိုပါပဲ။အတုယောင်ဟန်ပြရွေးကောက်ပွဲသာဖြစ်ပါတယ်။ပြည်သူများအနေနဲ့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောဆိုသည်။