26 C
Yangon

NUG သမ္မတ ဒူဝါလရှီးလ နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့ အကြား AA ထူထောင်မှု ၁၄ နှစ်ပြည့် အပြန်အလှန် သဝဏ်လွှာ နက်ရှိုင်းသော ဆက်ဆံရေးကို ပြသပြီး ပြည်သူ့အတွက် ခွန်အားဖြစ်စေဟုဆို

Must read

NUG သမ္မတ ဒူဝါလရှီးလ နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့ အကြား AA ထူထောင်မှု ၁၄ နှစ်ပြည့် အပြန်အလှန် သဝဏ်လွှာ နက်ရှိုင်းသော ဆက်ဆံရေးကို ပြသပြီး ပြည်သူ့အတွက် ခွန်အားဖြစ်စေဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီးလ နှင့် ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အကြား AA ထူထောင်မှု ၁၄ နှစ် ပြည့် အဖြစ် အပြန်အလှန် ပေးပို့သည့် သဝဏ်လွှာများသည် နှစ်ဖွဲ့အကြား နက်ရှိုင်းသော ဆက်ဆံရေး ကို ပြသနေကြောင်း နွေဦးတော်လှန် ရေး ခေါင်း ဆောင်တစ်ဦးက ပြောသည်။

ယနေ့ ဧပြီ ၁၀ ရက်နေ့ ကျရောက်သည့် ရက္ခိုင့်တပ်တော် ၁၄ နှစ်ပြည့် အခမ်း အနားတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲ ဆောင် ရွက်ရန် ဆန္ဒပြုအပ်ကြောင်း၊ ၁၄ နှစ်တာအတွင်း AA၏ ပေးဆပ်ခဲ့ မှုများနှင့် အတူ ယနေ့ ရက္ခိုင်အမျိုးသားတရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့် တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ရက္ခိုင့် တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံသို့ စာရေးသားပြီး သဝဏ်လွှာကို လက်ရေးမူဖြင့် ပေးပို့ခဲ့သည်။

“ယနေ့ ကျရောက်သော ရက္ခိုင့်တပ်တော် နှစ်ပတ် လည်နေ့နှင့်အတူ ရက္ခိုင့် အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့် အ၀ ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တရပ် ထူထောင်နိုင်ရန် အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုအပ်ပါတယ်”ဟု သမ္မတဒူဝါလရှီးလက လက်ရေးမူဖြင့် ရေးသားပေးပို့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က NUG သမ္မတ၏ လက်ရေးမူဖြင့် ရေးသားပေးပို့သည့် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ကောင်းမွန်စွာ လက်ခံရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း စာပြန်ပို့ခဲ့ကြောင်း သိရှိရသည်။

“ဒီလို သမ္မတနဲ့ စစ်ဦးစီးချုပ်အကြားမှာ စာ အသွားအပြန်ရှိနေတာက အင်မတန်မှကို ဘယ်လောက် နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေသလဲဆိုတာကို ပြသတယ်။ နှစ်ဖက်အကြားမှာ နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ တစ်ခရီး တည်းသွားနေတာကိုလည်း ပေါ်လွင်စေတယ်။ ပြည်သူတွေအတွက် ဒီအပြန် အလှန်စာနှစ်စောင်က တကယ့်ကို အားဖြစ်စေပါလိမ့်မယ်” ဟု နွေဦးတော်လှန် ရေး ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article