25.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

NUG ၊ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများ ဖြုတ်ချရန် လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာနှင့်ကုမ္ပဏီများကို စစ်တပ်က လျှို့ဝှက်ညွှန်ကြား၊ မလုပ်ဆောင်လျှင် အရေးယူမည်ဟုခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၉ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက် စာမျက်နှာကို ဖြုတ်ချရန် လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာများ၊ ကုမ္ပဏီများကို စစ်တပ်က လျှို့ဝှက်ညွှန်ကြားထားကြောင်း...

ရာသီဥတုဆိုးဝါး၍ လေယာဉ် မစီးရဲ၊ မိုင်းကြောက်၍ ကားဖြင့် မသွားရဲသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့ ပြင်ဦးလွင်မှ မန္တလေးသို့ အထူးရထားဖြင့် တိတ်တဆိတ် ခိုးဆင်း

ရန်ကုန်၊ ဧပြီ ၁၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက် ရာသီဥတုဆိုးဝါးနေမှုကြောင့် လေယာဉ် မစီးရဲ၊ ကားလမ်းခရီးတွင် မိုင်းကြောက်၍ ကားဖြင့် မသွားရဲဘဲ ပြင်ဦးလွင်မှ မန္တလေးသို့ အထူးရထားဖြင့် တိတ်တဆိတ် ခိုးဆင်း ထွက်ခွာသွားကြကြောင်း သိရှိရသည်။ ပြင်ဦးလွင်တွင် သင်္ကြန်တွင်းတစ်တွင်းလုံးရောက်ရှိနေသည့် မင်းအောင်လှိုင်သည် ဧပြီလ...

ကျင်းနယ်မြေရဲစခန်းမှ ရဲ ၁၅ ဦး လက်နက်နှင့် CDM ပြုလုပ်၊ အင်အားဖြည့်ရန်လာသော အကြမ်းဖက် စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဝင် ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၉ မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းကို PDF များ စီးနင်းတိုက်ခိုက်စဉ် စခန်းမှူး အောင်ကျော်စိန်သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်နှင့် CDM ပြုလုပ်ခဲ့ပြီးနောက် အဆိုပါရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းဝင်ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ကို ထီးလင်း...

ယူကရိန်းအရေးကြောင့် အကြမ်းဖက် စစ်ကောင်စီဘက် ယိမ်းယိုင်လာသောတရုတ်

By Jason Tower ယူကရိန်းစစ်ကြောင့် မြန်မာဗိုလ်ချုပ်ကြီးများအား ရုရှား၏ ထောက်ပံ့ကူညီမှုများ လျော့ကျသွားမည်ဟု ဘေကျင်းက မျှော်တွေးလာသည်နှင့်အမျှ ဒီမိုကရေစီ အင်အားစုများအတွက် အားပေးကူညီမှုများမှာ အဆုံးသတ်သွားနေပုံရသည်။မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တစ်နှစ်ကြာအောင် အစမ်းသဘော ဆက်ဆံမှုများအပြီး တရုတ်နိုင်ငံသည် ယခုလအတွင်း ၎င်း၏ဟန်ဆောင် လောင်းကြေးထပ်မှုအားလုံးကို စွန့်လွှတ်၍ စစ်အစိုးရအပေါ် ထောက်ပံ့ကူညီမှုများကို...

ဘားအံ-သထုံ ကားလမ်း၊ ဝါးဘိုးတောလမ်းခွဲရှိ စစ်ကောင်စီဂိတ် ဝင်ပစ်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးနိုင်

ရန်ကုန်၊ ဧပြီ ၁၉ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံ ကားလမ်း၊ ဝါးဘိုးတောလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီစစ်သားများ စခန်းချသော ဝါးဘိုးတောဂိတ်ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် (စိစစ်ဆဲ) အဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး စစ်သား ၅ ဦးခန့် သေဆုံးနိုင်ကြောင်း...

စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က နှမ်းခါးကျေးရွာသား ဦးစန်းဝင်းကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်၊ အများပြည်သူပိုင် ဆန်၊ ဆီ၊ မြေပဲများကို လုယူ၊ နောက်ထပ် ဆန္ဒပြလျှင် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်သွား

ရန်ကုန်၊ ဧပြီ ၁၇ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာကာ အသက် ၆၇ နှစ်အရွယ်ရှိ ဦးစိန်ဝင်းကို လက်ပြန်ကြိုးတုပ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ရွာသားများပိုင်ဆိုင်သော ဆန်၊ ဆီ၊ နေကြာ၊...

KNU တပ်မဟာ ၆ နယ်မြေတွင် ၁၅ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံး၊ KNLA ဘက်မှ ၁၂ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၉ ကရင် အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO၊ ပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ လဆန်းပိုင်းမှ စ၍ ၁၅ ရက်တာ အတွင်းဖြစ်ပျက်ခဲ့သော တိုက်ပွဲများတွင်...

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းသူများအတွက် ဒေါ်လာ လိုသလောက် ရောင်းပေး၊ မရောင်းပေး မသိရသေး၍ စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းနေ၊ ဆီဆိုင်များက ခွဲတမ်းဖြင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများရောင်းချ

ရန်ကုန်၊ ဧပြီ ၁၉ စစ်ကောင်စီက တိုင်းပြည်အတွင်း အမေရိကန်ဒေါ်လာ အဝင်၊ အထွက်ကို ထိန်းချုပ်ထားမှုကြောင့် စက်သုံးဆီ တင်သွင်းသူများ စိုးရိမ်နေပြီး သွင်းကုန် တင်သွင်းသူများအတွက် အမေရိကန်ဒေါ်လာ လိုသလောက် မရောင်းပေးလျှင် စက်သုံးဆီတင်သွင်းမှု ထိခိုက်နိုင်ကြောင်း စက်သုံးဆီတင်သွင်းရောင်းချသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၅ ရက်နေ့မှစတင်ပြီး...

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၉ ရက် မနက်ရရှိထားတဲ့သတင်းတွေကတော့-မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားဟာတစ်သောင်းနီးပါးရှိလာပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဧပြီလ ၁၈ ရက်နေ့မှာကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။-စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ သိန်း ၉၀၀ ကျော် တန်ကြေးရှိ ဘိန်းဖြူတွေဖမ်းဆီးရမိတယ်လို့...

ကရင်ပြည်နယ်တွင် စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူး စိုင်းစိုးသီဟ မိုင်းထိ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၉ ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF စုပေါင်းတပ်များနှင့်ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူးစိုင်းစိုးသီဟ မိုင်းထိ၍ သေဆုံးကြောင်း မိတ်ဆွေတချို့နှင့်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဧပြီလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ တပ်မဟာ ၅ ဘက်ရှိ...

Latest news

- Advertisement -spot_img