31 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

သန်လျင်မြို့နယ်တွင် အရက်မူးနေသော စစ်သားများက အပြစ်မဲ့ ပြည်သူ အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို အကြောင်းမဲ့ ရမ်းကားပစ်ခတ် သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဗဟိုကျောင်းရှေ့တွင် အရက်မူးနေသောစစ်သားများက အပြစ်မဲ့ ပြည်သူ တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် အကြောင်းမဲ့ ပစ်ခတ်...

ရန်ကုန်အလုံမြို့နယ်၊ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲပြီး မီး လောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင် အချိန် ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။ "ဗုံးပေါက်သံ...

စစ်အာဏာသိမ်းပြီး ပြည်သူကို သတ်ဖြတ်နေသော မင်းအောင်လှိုင်နှင့်စစ်တပ်ကို မြန်မာ ၁၀၀၀ ဝန်းကျင်၊ ဗြိတိန်လွှတ်တော်အမတ်များနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့များက ဆန္ဒပြ၊ မြန်မာသံရုံး၊ ဗြိတိန်ဝန်ကြီးချုပ်အိမ်ရှေ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့သို့ ချီတက်ကြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ယူကေရှိမြန်မာနိုင်ငံသား(၁၀၀၀)ခန့်နှင့်ယူကေနိုင်ငံရှိတော်ဝင်ကျန်းမာရေးကော်လိပ်မှ ကျန်းမာရေးအဖွဲ့အစည်းများမှ ပညာရှင်များစုပေါင်း၍ အာဏာသိမ်းတစ်နှစ်ပြည့်လှုပ်ရှားမှုအဖြစ် မင်းအောင်လှိုင်နှင့်ဖက်ဆစ်စစ်တပ်ကို ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဆန္ဒပြကြသည်။ထိုလှုပ်ရှားမှုသို့ ယူကေပါလီမန်မှအမတ်များဖြစ်ကြသော Lord Crips၊Lord Alton နှင့် Barones Cox တို့မှမိန့်ခွန်းများပြောကြားပေးခဲ့ပြီး ယူကေရောက်မြန်မာမွတ်ဆလင်များအဖွဲ့ ကလည်း မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။မြန်မာပြည်ရှိ အဖိအနှိပ်ခံကျန်းမာရေးဝန်ထမ်းများ နှင့်အတူရပ်တည်ကြောင်းကိုလည်းနိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတစ်ခု...

စစ်အာဏာသိမ်း ၁ နှစ်ပြည့်နေ့တွင် ပြည်သူများ၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂စစ်အာဏာသိမ်းသည့် ၁ နှစ်ပြည့်သော ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ပြည်သူများ၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲမှုများပြား၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

By ရန်ကုန်ခေတ်သစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန် နိုင်ငံတစ်ဝန်း စံချိန်တင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ များပြားပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြားသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။ ရန်ကုန်ခေတ်သစ်တွက်ချက်မှုများအရ ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲကြောင်း၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်ပြီး...

မုံရွာ-အမြင့်လမ်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၅/ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁မုံရွာ-အမြင့်လမ်းတွင် ၅/ပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ငါတို့မြို့ငါတို့ရွာကိုငါတို့ပိုင်တယ်ငါတို့ငြိမ်ချင်ငြိမ်မယ်ငါတို့လှုပ်ချင်လှုပ်မယ်” စာသားနှင့် မြိုင်တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ အာဏာသိမ်း(၁)နှစ်ပြည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခြင်းကို ဒေသခံကာကာကွယ်ရေးတပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ https://youtu.be/PfebV81G_lA

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှု အပေါ် NLD အစိုးရ ကန့်ကွက်ခဲ့မှု NUG အစိုးရ ပြန်လည် ရုပ်သိမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုမှု အပေါ် NLD အစိုးရလက်ထက်က ကန့် ကွက်ခဲ့မှုကို NUG အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအမှုတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌...

ပူတာအိုရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့၊ စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့လိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပူတာအို PDF က သတင်းထုတ်ပြန်သည်။ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ...

ရန်ကုန်အင်းစိန်ရွာသစ်နား အိမ်စီးကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာသစ်နားတွင် ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ "ကားပေါ်မှာ ဗုံးပေါက်တယ်ပြောတယ်။ ဘယ်သူတွေ သေတာလဲတော့မသိသေးဘူး။ ဒီနေ့ ၁ ရက်နေ့ နံနက် ၆ နာရီလောက်။ အင်းစိန်ရွာသစ်နားမှာ...

Latest news

- Advertisement -spot_img