- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45557 POSTS
0 COMMENTS

မော်လမြိုင်ကျွန်းတွင် ဧည့်စာရင်းစစ်မည်ဟု ကိုဇင်မင်းထက်ကို ခေါ်ယူကာ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်၊ ဘီးလင်း၊ သထုံနှင့် ကော့ကရိတ်တွင်လည်း လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံနေရ

ရန်ကုန်၊ ဇူလိုင် ၉ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံလူငယ်တစ်ဦးဖြစ်သည့် ကိုဇင်မင်းထက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးရန်ဟု အကြောင်းပြကာ နေအိမ်မှ ခေါ်ဆောင်သွားပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၅ သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့...

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေဟု PPNM ထုတ်ဖော်၊ ကျူးလွန်သူများ တာဝန်ခံမှုရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို အရေးပေါ်ကာကွယ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၉ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် ညှင်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ဖော်ပြောကြားပြီး ကျူးလွန်သူများ တာဝန်ခံမှုရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို အမြန်ဆုံးကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။ PPNM ၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ်...

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ခံမှု ဖော်ဆောင်ရေး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆက်လက်တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၉ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာရသော ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ခံမှု ဖော်ဆောင်ရေး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို ယခုသီတင်းပတ်အတွင်း...

ယောဒေသ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော်ရှိနေပြီး မိုးရာသီတုပ်ကွေးဖြစ်ပွားမှုများကြောင့် အရေးပေါ်ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၉ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း ယောဒေသတို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော်ရှိနေပြီး မိုးရာသီအတွင်း တုပ်ကွေးရောဂါများ ဖြစ်ပွားနေသည့်အတွက် အရေးပေါ်ဆေးဝါးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူများထံမှ သိရှိရသည်။ စစ်တပ်က ၂၀၂၆ ခုနှစ် မေလလယ်ပိုင်းမှစတင်၍...

သရက်မြို့အဝင်ဂိတ်တွင် စစ်တပ်က မင်းတုန်းမြို့နယ်မှ ညီအစ်မ ၄ ဦးကို ဖမ်းဆီးပြီး ၃ ရက်ကျော် ကြာသည်အထိ ပြန်မလွှတ်ပေးသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့်မပေး

ရန်ကုန်၊ ဇူလိုင် ၉ မကွေးတိုင်း၊ သရက်မြို့အဝင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက မင်းတုန်းမြို့နယ်မှ ညီအစ်မ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်ကျော်ကြာသည်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့်မပေးကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်၏ ဖမ်းဆီးမှုခံရသော...

ရန်ကုန်မြို့ ၊ သမိုင်းလမ်းဆုံဘန်ကာစောင့် စစ်သားများက လမ်းသွားလမ်းလာများကို ဖုန်းများ ယူငင်စစ်ဆေးပြီး ငွေကြေးတောင်းခံကာ မပေးသူများကို ထိုးကြိတ်၊ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား

ရန်ကုန်၊ ဇူလိုင် ၉ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် အထိုင်ချထားသော လုံခြုံရေးဘန်ကာစောင့် စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးကာ ဖုန်းများ လိုက်လံစစ်ဆေးခြင်း၊ ငွေကြေး အဓမ္မတောင်းခံခြင်း၊ မပေးသူများကို ထိုးကြိတ်ခြင်းများ ပြုလုပ်ကာ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသောပြည်သူများက ပြောဆိုသည်။ ယမန်နေ့...

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော ၅၀၀ ကီလိုမီတာအထိ ကွဲထွက်စေခဲ့ပြီး အလွန်ရှားပါးသော အသံထက်မြန်သည့်အရှိန်ဖြင့် ပြတ်ရွေ့ ရွေ့လျားမှု လက္ခဏာများ တွေ့ရှိရ၊ ပြင်းအား ၇ နှင့်အထက် ငလျင်ကြီးများ နှစ် ၁၀၀ ကျော်အတွင်း ပြန်လာနိုင်

ရန်ကုန်၊ ဇူလိုင် ၉ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ ရှိ စစ်ကိုင်းငလျင်ကြီးသည် စစ်ကိုင်းနှင့် မန္တလေးဒေသကိုသာ လှုပ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် ကီလို မီတာ ၅၀၀ ခန့်အထိ ကွဲထွက်ပျက်စီးခဲ့ကြောင်း...

မင်းအောင်လှိုင်၏ သွင်းကုန်လျှော့ချသည့် မူဝါဒကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အခြေခံလူတန်းစားများအတွက် စားအုန်းဆီများ စတင်ပြတ်လပ်၊ ပြင်ပဈေးကွက်တွင် တစ်ပိဿာ ကျပ် ၂ သောင်းနီးပါးအထိ ဈေးတက်လာ

ရန်ကုန်၊ ဇူလိုင် ၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အဖြစ် သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးမြှင့်ရေးမူဝါဒကို အကောင်အထည်ဖော်လာမှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အခြေခံလူတန်းစားများ အဓိကအားထားသုံးစွဲနေသည့် စားအုန်းဆီများ စတင်ရှားပါးလာပြီး ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရရှိရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့်အတူ ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတက အာမခံကတိပြု

ရန်ကုန်၊ ဇူလိုင် ၉ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ထံ ပေးပို့သော စာတွင် အာမခံကတိပြုထားသည်။ အဆိုပါစာကို ကင်မ်အဲရစ်က...

မြတ်မေတ္တာမွန်၊ Heyday Energy Trading ၊ ရွှေဗျိုင်းဖြူကုမ္ပဏီ နှင့် Brighter Energy၊ BAI Pte Ltd၊ Maruti Energy DMCC တို့အပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီနှင့် စက်သုံးဆီ ထောက်ပံ့နေဟု စုံစမ်းဖော်ထုတ်

ရန်ကုန်၊ ဇူလိုင် ၉ မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နှင့် အခြားနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ဆက်လက်ချမှတ်ထားသော်လည်း မြတ်မေတ္တာမွန် (Myat Myittar Mon Group)၊ Heyday Energy Trading Co Ltd၊ Brighter Energy Co...

Latest news

- Advertisement -spot_img