- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45158 POSTS
0 COMMENTS

မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းအတွက် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ပြည်ထောင်စုလမ်း တိုးချဲ့ရေး စီမံကိန်းကြောင့် မလွတ်ကင်းသည့် ကျေးရွာနှင့် လူနေအိမ် ထောင်ချီ ဖျက်သိမ်းခိုင်းနေ၊ တံတားဦးတွင်လည်း ဇွန် ၂၅ နောက်ဆုံးထားဖယ်ရှားရန် အမိန့်ထုတ်

ရန်ကုန်၊ ဇွန် ၁၇ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သားအဖ လုပ်ဆောင်နေသော ရတနာပုံမြို့သစ်စီမံကိန်း စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ပြည်ထောင်စုလမ်းတိုးချဲ့ရေး စီမံကိန်းကို လုပ် ဆောင်နေပြီး လမ်းမကြီးနှင့် မလွတ်ကင်းသည့် ကျေးရွာ၊ ရပ်ကွက်နှင့် လူနေအိမ်များအား လုံးကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ...

မင်းကွန်းဒေသတွင် စစ်တပ်က ဘုရားလာဖူးသည့် ပြည်သူများထံမှ ငွေကြေးသိန်းချီ သေနတ်ပြ ခြိမ်းခြောက် တောင်းခံနေ၊ နတ်တလင်းတွင်လည်း စစ်တပ်အရာရှိ ဆွေမျိုးများက လောင်းကစားဝိုင်းများပြုလုပ်ပြီး စီးပွားရှာနေ

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ မင်းကွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က ဘုရားလာဖူးသည့် ပြည်သူများထံမှ ငွေကြေးသိန်းချီ သေနတ်ပြ ခြိမ်းခြောက် တောင်းခံနေကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မင်းကွန်းဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ...

ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရက မတရား ဖမ်းဆီးထားခြင်းအပေါ် ခြွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဇွန် ၁၇ မြန်မာ့အရေး အဓိက လေ့လာနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်နိုင်ငံက မတရားဖမ်းဆီးထိန်း သိမ်းထားခြင်းအပေါ် အထူးစိုးရိမ်ပူပန်မိပြီး ၎င်းကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လည်လွှတ် ပေးရန် ISP-Myanmar က ယနေ့ ဇွန်လ...

ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပကဖ ၏ ထုတ်ပြန်ချက်နှင့် Wetlet...

ဒေါ်လာ ၃ သိန်း ငွေလွှဲပြောင်းမှု သံသယဖြင့် အမေရိကန်စီးပွားရေးသမားကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးစစ်ဆေးနေဟုဆို

ရန်ကုန်၊ ဇွန် ၁၆ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အမေရိကန်စီးပွားရေးသမား အဒမ် ကက်စတီလို (Adam Castillo) ကို ငွေကြေးဆိုင်ရာ သံသယဖြစ်ဖွယ် လွှဲပြောင်းမှုများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အဒမ် ကက်စတီလိုသည်...

မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေ၊ ကနီတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၇ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက်...

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၇ မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပြင်သို့ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (NSP-ပကဖ) ထံမှ...

မြန်မာစစ်တပ်က မြောက်ကိုရီးယား၏ အကူအညီဖြင့် ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တည်ဆောက်နေဟု Military Watch Magazine က သတင်းဖော်ပြ

ရန်ကုန်၊ ဇွန် ၁၇ မြန်မာစစ်တပ်က မြောက်ကိုရီးယား၏ အကူအညီဖြင့် ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရေငုပ် သင်္ဘော တည်ဆောက်နေသည်ဟု ဂြိုလ်တုဓာတ်ပုံများအရ သိရှိရကြောင်း Military Watch Magazine က သတင်းဖော်ပြသည်။ မြောက်ကိုရီးယား၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံက ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို တည်ဆောက်နေကြောင်း...

ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်ခြင်း၊ ပတ်စပို့အတုကိုင်ဆောင်ခြင်းနှင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၇ ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီခရိုင်အတွင်း အာရှလမ်းမကြီးပေါ်တွင် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ် သမားများကို တင်ဆောင်လာသည့် ကုန်ကားတစ်စီး စက်ပျက်၍ ရပ်ထားစဉ် ထိုင်းရဲတပ်ဖွဲ့က ကူညီရန် စစ်ဆေးရာမှ ကားနောက်ခန်းတွင် လိုက်ပါလာသော တရား မဝင် မြန်မာနိုင်ငံသား ၃၃ ဦးကို စစ်ဆေးတွေ့ရှိ၍...

ကလေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် မြို့အဝင်ဂိတ်များကို တိုက်ခိုက်မှု ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ မေ ၁၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် မြို့အဝင်ဂိတ်များကို တိုက်ခိုက်ရာ ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Kaly UG တပ်ဖွဲ့မှ သတင်းနှင့်...

Latest news

- Advertisement -spot_img