25.1 C
Yangon
spot_img

CATEGORY

Editor Choice

ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန်အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူ ၆ ချက်ကို ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထား

ရန်ကုန်၊ ဇွန် ၂၉ ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေ သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံ စည်းမျဉ်းများအဖြစ် သတ်မှတ်ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထားဆဲဖြစ်ကြောင်း...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားလာသည်ဆိုသော သတင်းများရရှိထားဟု သားဖြစ်သူ ပြော

ရန်ကုန်၊ ဇွန် ၂၉ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေ အနေ ဆိုးရွားလာနေသည်ဆိုသော သတင်းများ ရရှိထားကြောင်း သားဖြစ်သူ ကင်မ် အဲရစ် (Kim Aris) က ပြောဆိုလိုက်ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြရန် လိုအပ်ကြောင်း တောင်းဆိုလိုက်သည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်...

သဲကုန်းမြို့နယ်တွင် ပျူစောထီးများက K Pay နှင့် Wave Pay အကောင့်ဖွင့်ရန် မှတ်ပုံတင်များကို ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိပေး၍ လိုက်လံဝယ်ယူနေ

ရန်ကုန်၊ ဇွန် ၂၈ ပဲခူးတိုင်း၊ အနောက်ခြမ်း၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပျူစောထီးအဖွဲ့ဝင်များက K Pay နှင့် Wave Pay အကောင့် မဖွင့်ရသေးသည့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များကို ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိ ပေး၍ လိုက်လံဝယ်ယူနေကြောင်း...

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပေးလိုက်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း ဒုဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေး၊ တပ်ချုပ်သစ် ရဲဝင်းဦးမှာ မည်သည့် လုပ်ပိုင်ခွင့်မှမရှိဘဲ မင်းအောင်လှိုင်အမိန့်အတိုင်းသာ စစ်တပ်ကို ဦးစီးနေရ

ရန်ကုန်၊ ဇွန် ၂၇ တပ်ချုပ်ရာထူး စွန့်လွှတ်ထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီး အခြားစစ်ဗိုလ်ချုပ်တချို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး တိုးမြှင့်ပေးလိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်နှင့် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ခံထားရသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ စစ်တပ်အတွင်း ရာထူးတိုးမြှင့်ခန့်အပ်မှုများကိုပင်...

ဒလမြို့နယ်တွင် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားကို သတ်ဖြတ်ခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတစ်ဆင့် ခြေရာခံဖမ်းဆီး

ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတ်တမ်းများကို အခြေခံ၍ ခြေရာခံစုံစမ်းခဲ့ရာ ဇွန်လ ၂၆ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ဇွန်လ...

NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြန်

ရန်ကုန်၊ ဇွန် ၂၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင် မြင် မှုမရခဲ့သလို တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးမရှိတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း နောက်ကျခဲ့ရတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး...

ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်တွင် ညပိုင်း ပျူစောထီးများ ကင်းလှည့်နေချိန် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ

ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၅ ရက် ညပိုင်းတွင် နေအိမ်ဧည့်ခန်းရှေ့၌ သေဆုံးသူ ဆိုင်ပိုင်ရှင် နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးတွင် ဓားဒဏ်ရာများစွာဖြင့်...

နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက် ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန်

ရန်ကုန်၊ ဇွန် ၂၆ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပေါများစေရေးအတွက်ဟုဆိုကာ နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်နှင့် နို့စားနွားများမွေးမြူကြရန် အမိန့်တစ်ရပ် ထုတ် ပြန်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်တစ်သျှူးငှက်ပျောမျိုးများ ရယူပြီး နေပြည်တော်၊ ပြည်နယ်/တိုင်းအားလုံးတွင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရများ၏ အစီ အစဉ်ဖြင့် တစ်သျှူးငှက်ပျောစိုက်ခင်းများ...

စစ်အာဏာမသိမ်းခဲ့ပါက ယခုအချိန်ဆိုလျှင် MRT မိုးပျံရထား၊ အဝေးပြေးနှစ်ထပ်လမ်း၊ ဟံသာဝတီနိုင်ငံကာလေဆိပ်ကြီး နှင့် အမြန်ရထားစီမံကိန်းများ အကောင်အထည်ဖော်ပြီးစီးနေလောက်ပြီဟု NLD အစိုးရ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် ပြော

ရန်ကုန်၊ ဇွန် ၂၅ စစ်တပ်က အာဏာမသိမ်းယူခဲ့ပါက ယခုအချိန်ဆိုလျှင် ရန်ကုန်မြို့တွင် MRT မိုးပျံရထားစီမံကိန်း၊ Elevated Expressway အဝေးပြေးနှစ်ထပ်လမ်းစီမံကိန်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အမြန်ရထားစီမံကိန်းများ အပါအဝင် အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းကြီးများကို အကောင် အထည်ဖော်ပြီးစီးနေပြီဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံဘဏ္ဍာနှင့် စက်မှုဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဦးဆက်အောင်က...

တပ်ချုပ်သစ်ရဲဝင်းဦးလက်ထက် Mi-17 ရဟတ်ယာဉ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခံရမှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ ပျက်စီးသွားသော ရဟတ် ယာဉ်ကို ပြန်လည် သယ်ယူမည်

ရန်ကုန်၊ ဇွန် ၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် စစ်ကူလာပို့သော Mi-17 ရဟတ်ယာဉ်ကို တော် လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးလိုက်မှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ Mi-17 ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးခံရမှုမှာ...

Latest news

- Advertisement -spot_img