26.9 C
Yangon
spot_img

CATEGORY

Politics

မြန်မာ့နိုင်ငံရေးအထူးပြုလေ့လာနေသည့် ISP Myanmar ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို တရုတ်အစိုးရက ကူမင်းမြို့တွင် ဖမ်းဆီး၊ တရုတ်နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် စွပ်စွဲထားဟုဆို

ရန်ကုန်၊ ဇွန် ၁၂ မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား သုတေသီလည်းဖြစ် ISP Myanmar ဦးဆောင်သူလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုဖြင့် စွပ်စွဲထားကြောင်း အဆိုပါဖမ်းဆီးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်များကို ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု၊ U.C. Berkeley...

မြန်မာ့အရေး အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံ၏ ပဋိပက္ခ အခြေအနေများကို လေ့လာသိရှိနိုင်ရန်နှင့် အဖြေရှာနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က ယနေ့ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းဌာနက...

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး နိုင်ငံတကာဥပဒေပညာရှင်များ- ICJက အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၈ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး နိုင်ငံတကာဥပဒေပညာရှင်များ- ICJ က ဆွေးနွေးပွဲ ကျင်းပကြောင်း ICJ – International Commission of Jurists-ICJ က သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice - TJ)...

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မလုပ်အားပေးခြင်းများ ခိုင်းစေကာ နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းကို ချိုးဖောက်နေ

ရန်ကုန်၊ ဇွန် ၁ အကြမ်းဖက် စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အဓမ္မလုပ်အားပေးခြင်းကို ခိုင်းစေကာ နိုင်ငံတကာအလုပ်သမား စံချိန်စံညွှန်းများကို ချိုးဖောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက ပြောကြားသည်။ ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌...

ပြည်တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်မည့် အားကောင်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ-SCEF ဖြစ်လာရန် ထပ်မံ တိုးချဲ့ဖွဲ့စည်းမည်ဟု NUG သမ္မတက ကြေညာ

ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံတွင် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ (SCEF) က ပြည် တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်ပုံဖော်ကြရန်နှင့် ပိုမိုအားကောင်းသည့် “ဦးဆောင်ကောင်စီ” ဖြစ်လာစေရန် ထပ်မံတိုးချဲ့သွားမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင်ကြေညာလိုက်သည်။ ယနေ့ ဇွန်လ ၁...

ဒီမိုကရေစီဖျက်ဆီးသူ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို SIF က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ မေ ၃၁ ဒီမိုကရေစီဖျက်ဆီးသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို အဖွဲ့အစည်း ၂၀ ဖြင့် ဖွဲ့စည်းထားသည့် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အိန္ဒိယအစိုးရအနေဖြင့် မိမိနိုင်ငံတွင်း၌ ဒီမိုကရေစီကို ဖျက်ဆီးသူအား...

မြန်မာ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသော စင်ကာပူနိုင်ငံနှင့်တီမောနိုင်ငံတို့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူတော့မည်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံတွင် မြန်မာနိုင်ငံ ပြန်လည် နေရာရရန် လုံလောက်သော လုပ်ဆောင်ချက်မရှိဟု ထုတ်ပြော

ရန်ကုန်၊မေ ၁၁ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သော စင်ကာပူနိုင်ငံနှင့်တီမောနိုင်ငံတို့က အာဆီယံအလှည့်ကျဥက္ကဋ္ဌများအဖြစ် တာဝန်ယူတော့မည်ဖြစ်ကြောင်း အာဆီယံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် မြန်မာ့အရေးကို ဖြေရှင်းရေး မူဝါဒကို ကိုင်စွဲထားရာ လာမည့် ၂၀၂၇...

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စစ်တပ်၏ဟန်ပြ ဖြေလျှော့မှုများမှာ နိုင်ငံရေးထောင်ချောက်သာဖြစ်၍ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်ကြရန် PNFC သတိပေး

ရန်ကုန်၊ မေ ၄ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခြင်းတို့မှာ စစ်ကောင်စီ၏ ဟန်ပြဖြေလျှော့ထားသည့် နိုင်ငံ ရေးထောင်ချောက်တစ်ခုသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က သတိပေးလိုက်သည်။ အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတကြီးဦးဝင်းမြင့်ကို နေအိမ်သို့ ပြန်ပို့ခြင်းနှင့် ဧပြီလ...

သူ့အတွေးသူ့အမြင်

"စိတ်ကိုပစ်တဲ့ စစ်" By နေဘုန်းလတ် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်ကြသည့် စစ်ပွဲတွေမှာ စစ်လက်နက်ပစ္စည်းတွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေကို သုံးပြီး တစ် ဖက်ရန်သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းကြသလိုပဲ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အခြားသော နည်းလမ်းပေါင်းစုံ (ဥပမာ - စကားလုံးတွေ၊ ရုပ်ပုံတွေ၊ ကာတွန်းတွေ၊ သီချင်းတွေ၊...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို

ရန်ကုန်၊ မေ ၂ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့်နေရာကို ပြောင်းလဲလိုက်ပြီး သတ်မှတ်ထားသည့်နေအိမ်တွင် ပြစ်ဒဏ်များ ဆက်လက်ကျခံရန် အကြမ်းဖက်စစ်တပ်က ပြောင်းလဲ...

Latest news

- Advertisement -spot_img