28 C
Yangon
spot_img

CATEGORY

Politics

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နေပြည်တော်အိမ်ရှေ့တွင် စစ်တပ်က လုံခြုံ ရေးများ ပြန်လည်ချထားလိုက်ပြီး သမ္မတကြီးနှင့်တွေ့ဆုံခဲ့သူများကို စစ်တပ်က ခေါ်ယူ မေးမြန်းမှုများလုပ်နေ

သမ္မတဦးဝင်းမြင့်ကို လုံခြုံရေးများစွာဖြင့် စောင့်ကြည့်မှု နေအိမ်အကျယ် ချုပ်ပုံစံ ပြန်ဖြစ်နေပြီဟုဆို ရန်ကုန်၊ ဧပြီ ၂၀ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နေပြည်တော်အိမ်ရှေ့တွင် စစ်တပ်က လုံခြုံ ရေးများ ပြန်လည်ချထားလိုက်ပြီး သမ္မတကြီးနှင့်တွေ့ဆုံခဲ့သူများကို စစ်တပ်က လိုက်လံမေးမြန်းမှုများလုပ်နေကြောင်း NLD အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ပတ်သက်၍ အင်တာဗျူးဖြေဆိုခဲ့သည့် NLD...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အထူးအရေးကြီးဟု ဖိလစ်ပိုင်နိုင်ငံက တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၀ လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် အထူးအရေးကြီးကြောင်း ဖိလစ်ပိုင်နိုင်ငံက ယမန်နေ့ ကြေညာချက်ထုတ်ပြန်၍ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံ၏ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ် ပေးခဲ့ခြင်းနှင့်...

ပြန်လည်လွတ်မြောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံတော်အကြီးအကဲ အဖြစ် ဆက်လက်စာရင်းသွင်း

နိုင်ငံတကာပါလီမန်များအဖွဲ့-IPUကလည်း CRPH ကို မြန်မာနိုင်ငံ၏လွှတ် တော်အဖြစ် ဆက်လက်အသိအမှတ်ပြုဟု ဆုံးဖြတ် ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးထားမှုမှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက နိုင်ငံတော်အကြီးအကဲ အဖြစ် ဆက်လက်စာရင်းသွင်းအသိအမှတ်ပြုကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများအကြီးအကဲစာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဧပြီလ ၁၇ ရက်နေ့...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဟု NUCC က ကြေညာ

ရန်ကုန်၊ ဧပြီ ၁၈ အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးထားရာမှ မိသားစုနှင့်ပြန်လည် ဆုံစည်းနိုင်ပြီဖြစ်သော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကို ကြိုဆို နှုတ်ခွန်းဆက်လိုက်ပြီး မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က ကြေ ညာသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)...

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ကုလသမဂ္ဂက တောင်းဆို

ရန်ကုန်၊ ဧပြီ ၁၈ အကြမ်းဖက်စစ်တပ်က မတရားထိန်းသိမ်း ဖမ်းဆီးထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က တောင်းဆိုသည်။ မြန်မာနိုင်ငံတွင် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏...

SCEF ကောင်စီတွင် စစ်ရေးစုဖွဲ့မှု ပါဝင်ပြီး ဗဟိုကွက်ကဲမှုစနစ်တည်ဆောက်ကာ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် စစ်မဟာဗျူဟာ ရေးဆွဲ၍ အကောင်အထည်ဖော်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို

ရန်ကုန်၊ ဧပြီ ၁၇ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ - SCEF တွင် စစ်ရေးစုဖွဲ့မှုပါဝင်ပြီး ဗဟိုကွက်ကဲမှုစနစ်တည်ဆောက်ကာ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် စစ်မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့်...

“ကျနော်တို့ မြန်မာပြည်ကြုံတွေ့နေရတဲ့ အခက်အခဲဟာ အင်မတန်ကိုကြီးမားတဲ့ အခက်အခဲပါ။ တော်ရုံ တန်ရုံ အပြကောင်းတဲ့ လုပ်ရပ်မျိုးနဲ့ မရပါဘူး။ အရင်းအမြစ်က စပြီးတော့ တိတိကျကျ ပြောင်းလဲမယ့် စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှ ရမှာပါ”

By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ယနေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးလိုက်ရာ ယင်းအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ လူထုခေါင်း ဆောင် လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အခြေ အနေများနှင့်ပတ်သက်၍လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးညွှန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့် သတင်းအချက် အလက်မှ မရရှိဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့် သတင်းအချက် အလက်မှ မရရှိဟု NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအလုပ် အမှု ဆောင်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ "ကျနော်တို့ အဲဒီသတင်းတွေနဲ့...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်း

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ပြီးနောက် ယနေ့ ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သည် မိသားစုနှင့်အတူ ပြန်လည် ဆုံစည်းနေပြီဖြစ်ကြောင်း စာရေးဆရာထင်လင်ဦးက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ယနေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ...

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ဖြစ်လာသော်လည်း အကြမ်းဖက် အမူအကျင့် အတိုင်း ပြည်သူကို သတ်ဖြတ်နေ၍ တရားမျှတမှုဖော်ဆောင်မည်ဟု NUG ဝန်ကြီးချုပ် ပြောဆို

ရန်ကုန်၊ ဧပြီ ၁၇ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ဖြစ်လာသော်လည်း အကြမ်းဖက် အမူ အကျင့် အတိုင်း ပြည်သူကို သတ်ဖြတ်နေ၍ တရားမျှတမှုဖော်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက...

Latest news

- Advertisement -spot_img