26.2 C
Yangon
- Advertisement -spot_img

TAG

khit thit news

မြန်မာ့နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာ ပံ့ပိုးကူညီမှု ရရှိရေး ဆောင်ရွက်မည်ဟု ဒေါက်တာ ဆာဆာ ဦးဆောင်သော IPFD အဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၄ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူများနှင့် တိုင်းရင်းသားအင်အားစုများတွင် တရားဝင်မှုနှင့် စွမ်းဆောင်နိုင်မှု အပြည့်အဝရှိကြသော်လည်း စုစည်းမှုယန္တရား လိုအပ်ချက်ရှိနေခြင်းကြောင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများရရှိရန် ခက်ခဲနေပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဆာဆာ ဦးဆောင်သော IPFD အဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လွန်ခဲ့သော လများအတွင်း...

ခမောက်ကြီးမြို့နယ်တွင် ပြည်သူ့နေအိမ်များအား ဖောက်ထွင်းခိုးယူနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၄ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်မြို့နယ်တွင် ပြည်သူ့နေအိမ်များအား ဖောက်ထွင်းခိုးယူနေသော စစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကော့ သောင်းခရိုင် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ မေလ ၂၅ ရက်နေ့တွင် ကော့သောင်းတပ်နယ်နှင့်ခမောက်ကြီးတပ်နယ်တို့မှ...

အထက်မင်းလှမြို့၊ တော်ဝင်နှင်းဆီ KTV တွင် ကပစ တပ်သားအချင်းချင်း ရန်ဖြစ် ဓားဖြင့်ထိုး၍ စစ်သား ၁ ဦးသေဆုံး၊ ရန်ပွဲကို ကပစ ၂ မှ စစ်ဗိုလ်က သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းရာမှ နောက်ထပ် စစ်သားတစ်ဦး ထပ်မံသေဆုံး

ရန်ကုန်၊ ဇွန် ၄ မကွေးတိုင်း၊ အထက်မင်းလှမြို့ရှိ တော်ဝင်နှင်းဆီ KTV တွင် စစ်တပ်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်မှ တပ်သားအချင်းချင်း ရန်ဖြစ်ကြရာမှ ဓားဖြင့်ထိုးမှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်သားနှစ်ဦး သေဆုံးကာ အခြားတပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောငး ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၃၁ ရက်နေ့...

မြိုင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၊ ချောင်းဦးတွင်လည်း စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် ဗုံးကျဲနေ

ရန်ကုန်၊ ဇွန် ၄ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နှင့်...

မိုင်းတုံမြို့နယ်တွင် တရုတ်ကုမ္ပဏီများ၏ စည်းကမ်းမဲ့သတ္တုတူးနေမှုကြောင့် သံလွင်မြစ်ရေအဆိပ်သင့်ညစ်ညမ်းကာ ပြည်သူများ အရေပြားရောဂါဝေဒနာများ စတင်ခံစားနေရ

ရန်ကုန်၊ ဇွန် ၄ ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်ရှိ အဖြိုက်နက် သတ္တုသိုက်များကို တရုတ်နိုင်ငံကုမ္ပဏီက စည်းကမ်းမဲ့ ထုတ်ယူနေမှုကြောင့် သံလွင်မြစ်ရေ အဆိပ်သင့်နေပြီး ပြည်သူအချို့ ရောဂါဝေဒနာများ စတင်ခံစားနေရပြီဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိမ်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိုင်းတုံမြို့နယ်၊ မိုင်းကျွတ်အုပ်စုတွင် တည်ရှိသည့်...

မကွေးတိုင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် စစ်သား ၁၈ ဦးကို စစ်သုံ့ပန်းများအဖြစ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၄ မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၁ ဦး သေဆုံးကာ ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန်လ...

မြန်မာနိုင်ငံရေးအကျပ်အတည်း အာဆီယံအတွက် အမည်းစက်ဟု အရှေ့တီမောသမ္မတ၏ ပြောဆိုမှုအပေါ် အကြမ်းဖက်စစ်တပ်က ထပ်မံကန့်ကွက်ပြန်

ရန်ကုန်၊ ဇွန် ၄ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းသည် အာဆီယံအတွက် အမည်းစက်တစ်ခုဖြစ်နေပြီး ဘယ်သူမျှ မနိုင်သည့်စစ်ပွဲကို တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta) ၏ ဝေဖန်ပြောဆိုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထပ်မံကန့်ကွက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။ အရှေ့တီမောသမ္မတ...

ပေါင်းတလည်တွင် PDF ၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ပျူစောထီးခေါင်းဆောင် လှမြင့်နေရာကို ဆက်ခံသည့် သားဖြစ်သူ ပျူစောထီး စိုင်းသီဟကို PDF က ထပ်မံ ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၄ ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် PDF တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ လှမြင့်၏ သားဖြစ်သူ ပျူစောထီးစိုင်းသီဟ (ခ) ချိုကြီးကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းအချိန်...

မလေးရှားနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသော မြန်မာလူငယ် ၇ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်း ဆီး၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ရသော လူငယ်များ အစုလိုက်အပြုံလိုက် မလေးရှားသို့ တရားမဝင် ခိုးဝင်နေ

ရန်ကုန်၊ ဇွန် ၄ မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်ရှိ ဂျီထရာမြို့ (Jitra) တိုးဂိတ်အနီး အဝေးပြေးလမ်းဘေးတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏...

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF နှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံလွှတ်တော်အမတ်များအဖွဲ့က ကြေညာ

ရန်ကုန်၊ ဇွန် ၄ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုကြရန် တိုက်တွန်းလိုက်သည်။ ဇွန်လ ၁ ရက်နေ့တွင်...

Latest news

- Advertisement -spot_img