25.5 C
Yangon
- Advertisement -spot_img

TAG

news

ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး...

ကလေးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေပြီး ဓာတ်ဆီရရန် ပြည်သူများ ကြိတ်ကြိတ်တိုး လုယက်ဝယ်ယူနေရ၊ မှောင်ခိုစျေးကွက်တွင် ဓာတ်ဆီတစ်ဂါလန် ငွေကျပ် ၄၀၀၀၀ နီးပါးရောက်ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး စက်သုံးဆီရရှိရန် ပြည်သူများမှာ စက်သုံးဆီများတွင် ကြိတ်ကြိတ်တိုး လုယက်ဝယ်ယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု နိုဝင်ဘာလ တတိယအပတ်မှစတင်ပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်း ကလေးမြို့နယ်သို့ စက်သုံးဆီများ ချမပေးတော့ကြောင်း၊ အဓိက အားဖြင့် တော်လှန်ရေးတပ်များ...

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် -ဟိုနမ့်ပွန် ချောင်းတံတားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် - ဟိုနမ့်ပွန်ချောင်းတံတားကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ပွန်ချောင်း တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ...

မန္တလေးမြို့တွင် သခင်ဘဟိန်း ကွယ်လွန်မှု ၇၈ နှစ်ပြည့်အဖြစ် ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၂၀ မန္တလေးမြို့တွင် သခင်ဘဟိန်း ကွယ်လွန်မှု ၇၈ နှစ်ပြည့်အဖြစ် ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။ ကိုလိုနီခေတ် ကြွေးကြော်သံဖြစ်သော ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ပြောကြားခဲ့သူ သခင်ဘဟိန်းသည် ကျောင်း...

ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ် ရာရ ၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများကိုလည်း ခလရ ၅၀ တပ်ရင်းက လုပ်ဆောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း၊ မကွေးတိုင်း၊၊ ဂန့်ဂေါမြို့ပေါ် ရှိ စစ်ကောင်စီ၏ ခလရ ၅၀...

ထားဝယ်တွင် စစ်သား ၅ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး နှင်ထုတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်သား ၅ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းပြီး နှင်ထုတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ ၊နံနက် ၉ နာရီ...

မော်လမြိုင်ကျွန်းနှင့် အောင်လံမြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လူငယ် ၂၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာလ ၂၀ ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် မကွေးတိုင်း အောင်လံမြို့နယ်တို့တွင် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် တပ် သားသစ်များအဖြစ် လူငယ် ၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွံကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး ဇော်လင်းမောင်၊ ရာအိမ်မှူး မြင့်ဇော်၊ ရာအိမ်မှူး...

အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် လက်အောက်ခံ အမျိုးသမီးစစ်သည် ၆ ဦးနှင့် လူမှုရေး အရှုပ်တော်ပုံဖြစ်ပွားနေပြီး တရားမဝင် ကုန်စည်သယ်ယူမှုများမှ ငွေကျပ် သိန်းထောင်ချီ လစဉ်ရ ၊ စစ်ကောင်စီထိပ်ပိုင်းက အရေးမယူဘဲ လျစ်လျူရှု

By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ လက်အောက်ခံ အမှတ် ၂ ဗျူဟာ စစ်ရေယာဉ်စုမှ အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော်သည် လက်အောက်ခံ အမျိုးသမီး စစ်သည်များနှင့် လူမှုရေး အရှုပ်တော်ပုံများဖြစ်ပွားလျက်ရှိသည့်အပြင် သင်္ဘောများ၏ တရားမဝင် ကုန်စည်သယ်ယူမှုများမှ လာဘ်ငွေ ကျပ်သိန်းထောင်ချီ လစဉ်ရရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က...

စစ်ကောင်စီ၏ ရေတပ်နှင့် သံချပ်ကာ ပြင်ဆင်ရေးတပ် မှ တပ်ကြပ်နှင့်တပ်ကြပ်ကြီး ၂ ဦးတို့ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၀ စစ်ကောင်စီ၏ ရေတပ်မှ တပ်ကြပ် ၁ ဦး နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး ၁ ဦးတို့ အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁နှင့် ၅၁၀၂ ထံသို့ ရေတပ်မှ တပ်ကြပ်...

တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော် ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာလဆန်းပိုင်း မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ရာတွင် တရုတ်ဝန်ကြီးချုပ်...

Latest news

- Advertisement -spot_img