34 C
Yangon

တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ နေပြည်တော် ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာလဆန်းပိုင်း မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ရာတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့်တွေ့ဆုံခဲ့ကြောင်း၊ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အမြဲထောက်ခံ အားပေးသည်ဟု ပြောဆိုကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်ကိုလည်း တရုတ်က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု ရှိစေရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ဆက်လက် တွန်းအားပေးရန် ထောက်ခံသည်ဟု ပြောဆိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုကြောင်း၊ တရုတ်-မြန်မာ နယ် စပ် ဒေသ ကုန်သွယ်ရေးဂိတ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုများကို တရုတ်က အားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များ ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များက တရုတ်-မြန်မာ နယ်စပ်ဒေသများမှ နယ်စပ်ဂိတ်များနှင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် အကြမ်းဖက် စစ်ကောင် စီက နယ်မြေများ ဆုံးရှုံး လက်လွှတ်လိုက်ရချိန် တရုတ်နိုင်ငံက နယ်စပ်ဂိတ်များကို တစ်ဖက်သိတ် ပိတ်ပင်ခြင်း လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်ဘက်မှ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်းများကို တော်လှန်ရေးတပ်များ သိမ်း ပိုက်ထားသော နယ်မြေများအတွင်းသို့ သယ်ယူခွင့်မပေးတော့ဘဲ တရုတ်က ပိတ်ပင်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article