24 C
Yangon

စစ်ကောင်စီ၏ ရေတပ်နှင့် သံချပ်ကာ ပြင်ဆင်ရေးတပ် မှ တပ်ကြပ်နှင့်တပ်ကြပ်ကြီး ၂ ဦးတို့ အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကောင်စီ၏ ရေတပ်မှ တပ်ကြပ် ၁ ဦး နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး ၁ ဦးတို့ အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁နှင့် ၅၁၀၂ ထံသို့ ရေတပ်မှ တပ်ကြပ် နိုင်မင်းဇော် နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်တို့ အလင်းဝင်လာသဖြင့် စစ်ဘက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုပါက ရန်ကုန်တိုင်းစစ်ဌာနက လက်ခံကြိုဆိုလျက်ရှိကြောင်း၊ အလင်းဝင်လာသူများအတွက် လူ့အခွင့်အရေး အပြည့်အဝရရှိမည်ဖြစ်ပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန် ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article