25 C
Yangon
- Advertisement -spot_img

TAG

NUG

စစ်တပ် လက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် အထူးဒေသ ၁ ဌာနချုပ် တည်ရှိရာ ပန်ဝါမြို့သို့ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက် စစ်တပ်နှင့်ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေ

ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့သို့ KIA ဦးဆောင်သော တော်လှန်ရေး တပ်များက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက်ရှိ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး...

မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် ထဘီများပါ ခိုးယူလုယက်သွား

■ စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ရန်ကုန်၊ အောက်တိုဘာ ၁၁ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ...

ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ်မီဒီယာသို့...

ရေနံချောင်းမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းများကို လှည့်လည်ခိုးယူ လုယက်နေသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၁ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ‌သော စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း People's Defense Force-Yenangyaung YNG-PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောစီတပ်က အယောက် ၇၀ ဝန်းကျင်ဟာ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက်ချတဲ့သူနဲ့ ဖမ်းဆီးရမိသူစုစုပေါင်း အယောက် ၁၅၀...

အာဆီယံအထူးသံတမန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ တွေ့ဆုံခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်များက အသိအမှတ်ပြုပြီး ဒီဇင်ဘာလ မြန်မာ့အရေးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ ပိုမိုပါဝင်လာရန် မျှော်မှန်း

ရန်ကုန်၊ အောက်တိုဘာ ၁၁ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ တွေ့ဆုံခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်များက အသိအမှတ်ပြုလိုက်ပြီး လာမည့် ဒီဇင်ဘာလ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးမှုတွင် အာဆီယံနိုင်ငံများ ပိုမိုပါဝင်လာရန်မျှော်လင့်ကြောင်း အာဆီယံက သတင်းထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းပိုင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်...

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး နှိပ်စက်ကာ လူ ၁ ဦး ငွေ ၅ သိန်းဖြင့် ရွေးခိုင်းပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၁၁ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး နှိပ်စက်ကာ ငွေကျပ် ၅ သိန်းဖြင့် ပြန်ရွေးခိုင်းပြီး ကျေးရွာများအတွင်း စစ်တပ်က မိုင်းထောင်ခြင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ် ၁ ဦး အပါအဝင်...

ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမရှိဘဲ ပြည်ပမှ မည်သည့်ပစ္စည်းမှ မတင်သွင်းရန် စစ်ကောင်စီက UMFCCI မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံ သတိပေး

နိုင်ငံခြားငွေ မကုန်ရေး တံခါးပိတ် စီးပွားရေးမူဝါဒ စစ်တပ်က ပြန်ကျင့်သုံးမှု အားလုံးအခက်တွေ့ ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေမရှိဘဲ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများမှ မည်သည့် ကုန်ပစ္စည်းမှ ကြိုတင် တင်သွင်းခြင်းမပြုရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံ သတိပေးချက် ထုတ်ပြန်လာကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး...

မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြို့ရွာများ၌ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ စတင်ခဲ့သည့် ပြည်တွင်းစစ် တိုက်ပွဲတိုင်း၌ အရှုံးကြီးရှုံးကာ PDF...

ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း ပြန်လည်လွှတ်ပေးခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရေး လုံခြုံရေးကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။ AAအာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ...

Latest news

- Advertisement -spot_img