26 C
Yangon

ပြည်မြို့၊ ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြ စင်ပြိုကျမှု ထိခိုက်ဒဏ်ရာရသူများပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်း၊ ပြည်မြို့တွင် ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြ စင်ပြိုကျခဲ့ရာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ပြည်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီဝန်းကျင် ပြည်မြို့ ၏ရွှေဆံတော် ဘုရားပွဲတော်တွင် “ကျော်သူမိုး” အပျော်စီးပင်လယ်ဓါးပြ လှေ၏ အတက်လမ်းစင်တွင် တန်းစီတိုးဝှေ့ကြသူများပြားသည့်အတွက် စင်ပြိုကျခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများပြားသော်လည်း လူသေဆုံးမှု မရှိကြောင်း သိရှိရသည်။

“ပင်လယ်ဓားပြ အပျော်စီးလှေပေါ့။ အဲဒီမှာ လူတွေက ကြိတ်ကြိတ်တိုးပြီး စီးဖို့ တန်းစီကြရင်း ပြိုကျတာ။ လှေပေါ်တက်တဲ့ အတက်လမ်း သံငြမ်းစင်ပြိုကျတာ။ လူသေတာမရှိဘူး။ လူအုပ်ပြိုကျတော့ အပြင်ပန်းထိခိုက်ဒဏ်ရာရကြတာများတယ်” ဟု ပြည်မြို့မှ ဒေသပြည်သူက ရှင်းပြသည်။

အပျော်စီးလှေ အတက် သံငြမ်းစင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ကူညီကုသပေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိ ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article