25.6 C
Yangon
- Advertisement -spot_img

TAG

politics

SCEF၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို စုပေါင်းတွေ့ဆုံမှသာ မြန်မာ့နိုင်ငံ ရေး အခြေအနေကို မှန်ကန်စွာနားလည်နိုင်မည်ဟု NUG က အာဆီယံဥက္ကဋ္ဌကို ပြော

ရန်ကုန်၊ ဇူလိုင် ၁၆ မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စုပေါင်းခေါင်းဆောင်မှုယန္တရားဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများကို တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်မှသာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုတိကျစွာ နားလည်သဘောပေါက်နိုင်မည်ဖြစ်ပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသို့...

တရုတ်က မြန်မာကို မဟာဗျူဟာမြောက် လက်အောက်ခံနိုင်ငံအဖြစ် အသုံးချရန် စစ်တပ်နှင့် တိုင်း ရင်းသားလက်နက်ကိုင်များကို တစ်ပြိုင်နက် ထိန်းချုပ်နေပြီး ကျောက်ဖြူတွင် တရုတ်ရေတပ် အခြေစိုက်နိုင်ပါက အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ဟု သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၅ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားအတွက် လိုက်လျောရမည့် ပထဝီနိုင်ငံရေး လက်အောက်ခံနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် မြန်မာစစ်တပ်ကို ကာကွယ်ထောက်ပံ့နေသကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် လက်နက်၊ စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အသုံးချ၍ ထိန်းချုပ်နေကြောင်း လုံခြုံရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ လေ့လာသုံးသပ်သူ Jaideep Saikia...

အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်ရန် နှိုးဆော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမည်

ရန်ကုန်၊ ဇူလိုင် ၁၄ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် လူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီများထံမှ သိရသည်။ စစ်ကောင်စီသည် သမိုင်းအမှန်များကို ဖျောက်ဖျက်ကာ မျိုးဆက်သစ်များအား ဝါဒမှိုင်းသွင်းရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏...

မြန်မာ့အရေး အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လူကိုယ်တိုင် ပထမဆုံးအကြိမ် လျှို့ဝှက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၄ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အရှိန်လျှော့ချ၍ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကီယိုတို့က မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် တံခါးပိတ် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Bilyonaryo...

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ တိုးမြှင့်ကျူးလွန်နေမှု အမြန်ဆုံးအရေးယူရန် KHRW တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များကို တိုးမြှင့်ကျူးလွန်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ကျူးလွန်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က တောင်းဆိုလိုက်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် KHRW က...

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ၊ အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြင်တွေ့လိုဟု မြန်မာစစ်တပ်ကို ပြော

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး...

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် အာဆီယံဥက္ကဋ္ဌ တို့ တွေ့ဆုံရန်ရှိဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် မလိုက်နာဘဲ စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို အလွတ် သဘော တွေ့ဆုံမှု အာဆီယံ၏ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်နိုင်ဟု ဒေါ်ဇင်မာအောင် သတိပေး ရန်ကုန်၊ ဇူလိုင် ၁၂ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကို ထောက်ခံသော နိုင်ငံများသို့ ဆက်လက်သွားရောက်ရန်...

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံရောက်ရှိနေသော အကြမ်းဖက် စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၂ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံရောက်ရှိနေသော အကြမ်းဖက် စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုက ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ တွေ့ဆုံပြီး...

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မည်သည့်နည်းနှင့်မှ စွန့်လွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၂ မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မည်သည့်နည်းနှင့်မှ စွန့်လွှတ်မည်မဟုတ်ဘဲ အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ ပီ လာဇာရိုက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေများနှင့်အညီ ဘုံသဘောတူညီချက် ၅ ရပ်ကို...

မြန်မာစစ်တပ်၏ ထောင်ချောက်ထဲသို့ အာဆီယံ မကျရောက်ရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့် အစီအစဉ်ကို ပယ်ဖျက်ရန် APHR တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၂ မြန်မာအကြမ်းဖက် စစ်ကောင်စီကို တရားဝင်မှုရရှိစေမည့် မည်သည့်ခြေလှမ်းကိုမဆို အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ရမည်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ချောက်ထဲသို့ အာဆီယံ မကျရောက်ရန် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ယမန်နေ့ သတိပေးတောင်းဆိုလိုက်သည်။ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်...

Latest news

- Advertisement -spot_img