29 C
Yangon

မလဲသာကျေးရွာတွင် စစ်တပ်က ကျောင်းထိုင်ဘုန်းကြီးကို ရိုက်နှက်ခြင်း၊ မိန်းကလေး များကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ ပြည်သူများကို ဖမ်းဆီး နှိပ်စက် ရိုက်နှက် ရေနွေးပူလောင်းခြင်းများ၊ ရွာမှ ငွေကြေး နှင့် ပစ္စည်း များကို လုယက်ခြင်းများ လုပ်ဆောင်၊ ရွာသား ၁ ဦး ပျောက်ဆုံးနေ

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာကျေးရွာကို စစ်တပ်က ဇန်နဝါရီ လ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ ကျေးရွာထဲအထိ ဝင်ရောက် စီးနင်းပြီး ရွာအတွင်းရှိ ဘုန်းကြီးကျောင်းထဲတွင် အရပ်သားပြည်သူများကို ကြိုးချည်ရိုက်နှက်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းများ ၊ တုတ်ဖြင့် ဝိုင်း ရိုက်ခြင်း၊ မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှု များ လုပ် ဆောင် ခဲ့ပြီး ပြည်သူ ၁ ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်။ အဆိုပါ အခြေအနေ များနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက မလဲသာ ကျေးရွာ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။စစ်တပ် ဝင်ရောက် စီးနင်းခဲ့တဲ့ မလဲသာရွာ အခြေအနေလေး သိပါရစေ။

ဖြေ။ ။တမာတန်းဆိုတာရှိတယ်။ ရွာမှာ ဈေးဆိုင်တွေရှိတယ်။ ဆိုင်ကြီးတွေပေါ့။ ဈေးဆိုင်တန်းပေါ့။ အဲက ပစ္စည်းတွေ ဖောက်သွားပြီးတော့ ယူသွားတာ အများကြီးပေါ့။ ငွေသား သိန်း ၃ဝ ကျော်ပါသွားတဲ့ ဆိုင်တွေရှိတယ်။ အတွင်း ပစ္စည်းတော့ ဘယ်လောက်ပါသွားလဲ မသိဘူး။ ငွေသား သိန်း ၃ဝနဲ့ စားသောက်ကုန်တွေပါသွားတယ်။

ဖုန်းဆိုင်ကလည်း များတယ်။ ဖုန်းဆိုင်ကတော့ ဖုန်းနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ တော်တော်များများပါသွားတယ်။ နောက်ပြီးတော့ ကုန်စုံဆိုင် တစ်ခုကလည်း ငွေသား ၂သိန်းလောက်ပါသွားတယ်။ အဲဆိုင်ကတော့ ပစ္စည်းတန်းကြေး တော်တော်များတယ်။ စားသောက်စရာတွေ တော်တော်များတယ်။ ပါသွားတာ ။

မေး။ ။စစ်တပ်က ကျေးရွာသားတွေကို ဘယ်လိုမျိုး ဖမ်းဆီး နှိပ်စက်ခဲ့လဲ။

ဖြေ။ ။သူတို့လုပ်ခဲ့တဲ့ လက်ရာခြေရာတွေပဲ ကျန်ခဲ့တာ။ ကြိုးနဲ့ချည်ပြီး ရိုက်ထားတဲ့ သွေးစွန်းသွေးစတွေ အဝတ်အစားတွေ အဲဒါတွေပဲ တွေ့ရတာ။ အခု မလဲသာရွာက တစ်ယောက်ပျောက်နေတယ်။ အခုထိရှာလို့မရသေးဘူး။ ကျဆုံးမှုကတော့ အဲဒီတစ်ယောက်တည်းပဲ။ အခုထိ လူပျောက်က ရှာလို့မရသေးဘူးဖြစ်နေတယ်။ သတင်းလည်း မရသေးဘူး။ စစ်သားတွေ ခေါ်သွားတယ်။ မခေါ်သွားဘူးဆိုတာကတော့ အတိအကျပြောလို့မရသေးဘူး။

အစဖျောက်ခဲ့တယ်လို့ပဲ ရွာသားတွေကတော့ ထင်တယ်ပေါ့။ အခုထိတော့ ရှာလို့မရသေးဘူး။ သူနဲ့ပတ်သက်တဲ့ မိသားစုက ပြောတာက သူ့မောင် အဝတ်အစားတွေ သေချာတယ်တဲ့ အဝတ်အစားမှာ ကြည့်ရတဲ့ သွေးအနေအထားဆိုရင်တော့ အသက်ရှင်ဖို့ကနည်းတယ်။ ရိုက်ထားတဲ့ တုတ်မှာလည်း သွေးတွေကြီးပဲ ၂၁ တုတ်နဲ့ရိုက်တာတဲ့။

မေး။ ။ရွာထဲမှာ နောက်ထပ် ရိုက်နှက်ခံရတဲ့ သူတွေကော ရှိသေးလား။

ဖြေ။ ။ရှိတယ်ဗျ။ တစ်ယောက်ဆို ဦးခေါင်းနဲ့ တင်ပါးနဲ့ ရိုက်ခံရတယ်။ အကန်ခံရတယ်။ ဦးခေါင်းကတော့ အတွင်းပိုင်း မထိဘူးလို့ ပြောတယ်။ နောက် တစ်ယောက်ဆိုရင် လက်ကိုကြိုးနဲ့တုတ်ပြီးတော့ ရေနွေးပူနဲ့လောင်းချခံရတယ်။

မေး။ ။ ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ဖမ်းဆီး စစ်ဆေးတုန်းက ဘယ်လိုတွေ တွေ့ကြုံခဲ့လဲ။

ဖြေ။ ။ဘုန်းကြီးကျောင်းထဲကို တပ်စွဲတော့ ခေါ်တုန်းကကျတော့ ဘုန်းကြီးကို ခေါ်သွားပြီးတော့ ညကျတော့ နှိပ်စက်ထားတာက လမ်းကို ကောင်းကောင်း မလျှောက်နိုင်တဲ့ သူလည်းပါတယ်။ နောက်တစ်ယောက်ကကျတော့ ခေါင်းတွေကော ကျောတွေကော ရစရာမရှိအောင် ရိုက်ထားကန်ထားတယ်။

နောက်တစ်ယောက်ကျတော့ လက်ကို ကြိုးနဲ့ တုတ်ပြီးတော့ ရေနွေးပူနဲ့ လောင်ခံထားရတဲ့ သူလည်းရှိတယ်။ သူတို့ကို ဘုန်ကြီးကျောင်းထဲ ခေါ်ပြီးကို နှိပ်စက်တာ ဘာလုပ်လို့ ညာလာလို့ ဆိုတာမဟုတ်ဘူး။

မိန်းကလေးတွေကို သားပြော မယားပြောတွေ ပြောတယ်။ အပျိုတွေလား အအိုတွေလား။ အဲလိုတွေမေးတာ အပျိုတွေဆို လက်ညိုးထောင် အဲလိုတွေမေးတယ်။ ပြီးတော့ စစ်သားကပြောတယ် သူကလူပျိုကြီး အဲလိုတွေပြောတယ်။ ရွာထဲမှာ ယောကျာ်းသားက မရှိတာလား။ မိန်းမတွေကြီးပဲ တော်တော် အကျင်နာတရားခေါင်းပါးတဲ့ ယောကျာ်းတွေ ခင်ဗျာတို့ ယောကျာ်းတွေက PDF ခေါင်းဆောင်တွေလား။ အဲလိုတွေလည်း မေးတယ်။ သူတို့ပြောတာကို ပြန်လည်း မပြောဘူး။ ရီလည်း မရီရဲဘူး။ ဒီအတိုင်းနေနေရတာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article