ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ပုလဲတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း ၁၀၇နှစ်ပြည့်မွေးနေ့ အဖြစ် “လူမျိုးကြီးဝါဒဟူသမျှ တိုက်ဖျက်ကြ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ကြ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။