ရန်ကုန်၊ မတ် ၁၄
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တဲ့ အသံတိတ် သပိတ်တွေကို ၂၀၂၁ ခုနှစ်မတ်လ ၂၄ ရက်နေ့ ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွေမှာ ပြည်သူတွေအားလုံးက ပါဝင်ခဲ့ပြီး အဲဒီလိုပါဝင်မှုကြောင့် မင်းအောင်လှိုင် အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ကြောက်လန့်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်ဖို့ ကြေညာလိုက်တဲ့အခါမှာ စစ်ကောင်စီ ခေါင်းဆောင် အကြမ်း ဖက် မင်းအောင်လှိုင်က ရတဲ့နည်းနဲ့ ဖြိုခွင်းဖို့ ညွှန်ကြားခဲ့ပြီး အဲဒီညွှန်ကြားချက် အရ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က နေပြည်တော်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ လျှို့ဝှက် အထူးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်ဌာန၊ တိုင်း/ပြည်နယ်ကောင်စီတွေ၊ စစ်ဘက်ရေးရာလုံခြုံရေးဌာန စတဲ့ ဝန်ကြီးဌာနပေါင်းစုံ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ စိုးထွဋ်က အဖွင့်နဲ့ အပိတ်မိန့်ခွန်း စုစုပေါင်း ၂၆ မိနစ် စကားပြောခဲ့ပါတယ်။
လျှို့ဝှက်အထူး အစည်းအဝေး အသံဖိုင်တွေအားလုံး ရရှိထားပေမယ့်လည်း စိုးထွဋ် ပြောဆိုတဲ့ လူမိုက်ဆန်ဆန်စကားတွေကိုပဲ ပြည်သူလူထု သိရှိစေဖို့ ရန်ကုန်ခေတ်သစ်က ထုတ်ပြန်လိုက်ပါတယ်။