ရန်ကုန်၊ မေ ၁၉
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၁၅ ခုတွင် တရားစီရေးအာဏာကျင့်သုံးမည့် တရား စီရေးအဖွဲ့များ ဖွဲ့စည်းကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတက မြို့နယ်တရားသူကြီးအဖွဲ့များကို ကြားကာလအတွင်း တရားစီရင်ရေး အာဏာများ ကျင့်သုံးဆောင်ရွက်နိုင်ရန် အလို့ငှာ ၁၅ မြို့နယ်တွင် စက်ရှင် တရားစီရင်ရေး အာဏာများ အပ်နှင်းလိုက်ကြောင်း ၊ အဆိုပါ မြို့နယ်များမှာ
(၁)ကသာမြို့နယ်
(၂)ကောလင်းမြို့နယ်
(၃)ကန့်ဘလူမြို့နယ်
(၄)ဗန်းမောက်မြို့နယ်
(၅)ကျွန်းလှမြို့နယ်
(၆)အင်းတော်မြို့နယ်
(၇)ထီးချိုင့်မြို့နယ်
(၈)ကနီမြို့နယ်
(၉)ဝက်လက်မြို့နယ်
(၁၀)အရာတော်မြို့နယ်
(၁၁)မြင်းမူမြို့နယ်
(၁၂)တန့်ဆည်မြို့နယ်
(၁၃)ခင်ဦးမြို့နယ်
(၁၄)တမူးမြို့နယ်
(၁၅)ယင်းမာပင်မြို့နယ် တို့ဖြစ်ကြောင်း ကြေညာသည်။