30.5 C
Yangon

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် KIO က သတိပေးစာထုတ်ပြန်ပြီးနောက် ဝန်ထမ်းများ လုံခြုံရေးအထူးဂရုပြုရန် နယ်လုံဝန်ကြီး အောင်ကြည်လင်း စာထုတ်

Must read

ရန်ကုန်၊ မေ ၂၁

ကချင်ပြည်နယ်အတွင်းရှိ ခရိုင်အချို့မှ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဒေသမှ အမြန်ဆုံး ထွက်ခွာရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စာထုတ်အသိပေးပြီးနောက် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကြရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့် တပြေးညီ တင်ပြသွားရန် စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက မေလ ၁၆ ရက်နေ့တွင် စာထုတ်အသိပေးလိုက်သည်။

အဆိုပါစာတွင် ‘ဌာနဆိုင်ရာဝန်ထမ်းများအား ယခုကာလအချိန်တွင် ရုံး/မိမိနေအိမ်များ၌ ရှိစေရေးနှင့် မိမိရုံး/နေအိမ်များတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန်၊ မိမိကိုယ်တိုင်နှင့် မိမိလက်အောက်ဝန်ထမ်းများအား မလိုအပ်သည့် နေရာဒေသများသို့ သွားလာခြင်းမျိုး မပြုလုပ်စေဘဲ သွားလာမှု စည်းကမ်းလိုက်နာစေရေး၊ လုံခြုံမှုစည်းကမ်း လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့် တပြေးညီ တင်ပြသွားရန် အကြောင်းကြားပါသည်’ ဟု ဗိုလ်မှူးကြီး အောင်ကြည်လင်း လက်မှတ်ဖြင့် စာထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မေလ ၁၄ ရက်တွင် ရှင်ဗွေယာန်၊ တနိုင်း၊ ဟူးကောင်း၊ မြစ်ကြီးနားခရိုင်များအတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအနေဖြင့် တာဝန်မှ နုတ်ထွက်ရပ်နားရန် အလေးအနက် တိုက်တွန်းထားပြီး ဆက်လက်အမှုထမ်းနေပါက ပြဿနာအကျိုးဆက်အားလုံးကို တာဝန်ယူမည်မဟုတ်ဟု စာထုတ်ပြန် သတိပေးထားသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့တွင်လည်း ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၊ ရဲများ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မြို့နယ်အတွင်းမှ ထွက်ခွာရန် KIO ဆဒုံးခရိုင်က စာထုတ်ပြန် သတိပေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article