30 C
Yangon

မြောက်ဥက္ကလာ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်တပ်က ဗုံးရှင်းလင်းရေး လုပ်နေစဉ် ပေါက်ကွဲ၊ အင်းစိန်တွင် ယာဉ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်တပ်က ယနေ့ ဗုံးတွေ့ရှိ၍ ရှင်းလင်းစဉ် ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဗုံးတွေ့ရှိရသဖြင့် လမ်းပိတ်ခဲ့ကြောင်း၊ တွေ့ရှိသည့် ဗုံးကို စစ်တပ်က ရှင်းလင်းဖယ်ရှားနေစဉ် အခြားနေရာတွင် ထောင်ထားသည့် ဗုံးက ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။

“၂ ရပ်ကွက်ရုံးမှာ ဗုံးတွေ့လို့ လမ်းတွေပိတ်ပြီး ရှင်းတယ်။ မတွေ့သေးတဲ့ ဗုံးက ထပေါက်တယ်။ ဗုံးစတွေ့တာက မွန်းတည့် ၁၂ နာရီမှာ နောက်ထပ် ဗုံးပေါက် သွားတာ ၁၂ နာရီ ၂၀ မိနစ်မှာ ထပ်ကွဲတာ။ လူတော့ ထိမထိ မသိဘူး။ မထိဘူးထင်ပါတယ်။ ပေါက်ကွဲသံကတော့ကျယ်တယ်။ အခုထက်ထိတော့ လမ်းတွေ ပိတ်ထားတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၃၀ ရက် နံနက် ၄ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း မီးပွိုင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရကြောင်း၊ နယ်ပြောင်းမည့် ရဲများကို ယာဉ်တန်းဖြင့် ပို့ဆောင်စဉ် စော်ဘွားကြီးကုန်း မီးပွိုင့်အနီးအရောက် လမ်းဘေးမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်ထိန်းရဲ၏ လက်မောင်းကို ကျည်ထိဒဏ်ရာရရှိကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article